" I Adore You "
~~~~~~~~~~~~
" Part - 7 "
~~~~~~~~
" သားနဲ့သမီး အောင်စာရင်းတွေလည်း ထွက်ပြီဆိုတော့ ဘယ်ကျောင်းကိုတက်ဖို့ဆုံးဖြတ်ထားကြလဲ "
၂ဖက် မိဘတွေနဲ့အတူ သူတို့ ၂ယောက်လည်း
ဧည့်ခန်းထဲမှာရှိနေကြသည်
" မာမီနဲ့ ဒယ်ဒီ သမီးက စီးပွားရေးပဲ ယူမှာ တချိန်ကျ ဒယ်ဒီ့နေရာမှာ သမီးကအစားဝင်ရမှာဆိုတော့ business ပိုင်းပဲယူမှာ "
ဦးမင်းထွဠ်လည်း သမီးဖြစ်သူအပြောကြောင့် ကျေနပ်သွားရလေသည်
" ဒယ်ဒီ့သားကရော "
" ကျွန်တော်လည်း စီးပွားရေးပဲ ယူမှာ ဒယ်ဒီ "
" ယူရတဲ့ ရည်ရွယ်ချက်ကရော "
" ဒါကတော့ ကျွန်တော်မပြောချင်သေးဘူး အချိန်တန်ရင် ကျွန်တော်ပြောပြမှာပါ "
" မာမီတော့ ကလေး ၂ယောက်က ကျောင်းအတူတူပဲဆိုတော့ စိတ်ချရပြီကွယ် "
" မာမီနဲ့ ဒယ်ဒီ သမီးကို ကားဝယ်ပေးနော် သမီး ကိုယ့်ကားနဲ့ကိုယ်သွားမှာ "
" ဒယ်ဒီစိတ်မချဘူး ပန်းလေး ညှို့နဲ့ပဲတူတူသွားရမယ် "
" ဟွန့် ဒယ်ဒီကလည်း မာမီကူပြောပေးဦး "
" မာမီလည်း ဒယ်ဒီနဲ့ အတူတူပဲ "
" မေလှိုင်နဲ့ဖေစိုင်း "
" အဲ့လို puppy eye မျက်လုံးနဲ့ကြည့်လည်းမရဘူးနော် ပန်းလေး မေလှိုင် စိတ်မချဘူး "
" ဖေစိုင်းရောပဲ "
" ဟွန့် အကုန်လုံးကို စိတ်ဆိုးတယ် "
စွဲမက်လည်း အကုန်လုံးကိုစိတ်ဆိုးပြီး အပေါ်ထပ်ကိုတက်သွားလိုက်သည်
" ကျွန်တော် သွားချော့လိုက်ဦးမယ် "
" သွားသွား ညှို့လေး "
လူကြီး ၄ယောက်လုံးလည်း သူတို့ ၂ယောက်ကို ပြုံးပြီးပဲကြည့်နေလိုက်သည်
" ပန်းလေးနဲ့သား အသက် ၂၀ပြည့်ရင် စေ့စပ်ပေးမှာနော် မေမီနဲ့မင်းထွဠ် "
" သဘောတူပါတယ် ရတီရယ် ညှို့လေးကပဲ ပန်းလေးအပေါ်ကို အကိုလိုရော သူငယ်ချင်းလိုရော စောင့်ရှောက်ပေးနိုင်တာ "
YOU ARE READING
I adore you ( Complete )
Romanceဒီဇာတ်လမ်းထဲက " စွဲမက်သျှင် " ဆိုတဲ့နာမည်ကို သာသာ crd ပေးပါတယ်နော် " မင်းညှို့သျှင် " နာမည်နဲ့ လိုက်ဖက်မှုရှိအောင် ထည့်ထားတာမို့လို့ပါရှင့် ဒီ fic လေးက သူငယ်ချင်း ၂ယောက်ရဲ့ အကြောင်းကိုပဲ ဦးစားပေးရေးသားမှာပါနော်
