I Adore You
~~~~~~~~~~
Part - 3
~~~~~~
ဒီနေ့က Bio နဲ့ Eco ရဲ့ ဘောလုံး ပြိုင်ပွဲဖြစ်တာကြောင့် ၉တန်းနှင့်၁၀တန်း ကျောင်းသား ကျောင်းသူများနှင့်အတူ ဘောလုံးကွင်းကြီးထဲမှာလည်း လူများပြည့်နှက်လို့နေသည်။အကုန်လုံးကလည်း Bio တံဆိပ်နှင့် Eco တံဆိပ်ပါသော အကျီများနှင့် ဘောင်းဘီရှည် ဆင်တူများသာဝတ်ဆင်ထားကြတာမို့ တကယ်ကိုလှပလို့နေကြသည်
ညှို့တို့တွေလည်း အခုမှပထမဆုံးပြိုင်ပွဲဖြစ်တာကြောင့် စိတ်လှုပ်ရှားမှုများကတော့အပြည့်ပင် သူတို့နားနေခန်းထဲမှာတော့ နည်းပြဆရာရယ် အားကစားဆရာရယ်က ၂ဖက်လုံးကို စည်းမျဥ်း စည်းကမ်းများပြောပြပေးနေသည်
" တော်သေးတယ် အလယ်လောက်မှာ နေရာရသေးလို့ "
" ဟုတ်ပါ့ဟယ် ၇တန်း ၈တန်းလေးတွေကလည်း ငါတို့ငယ်ငယ်တုန်းကအတိုင်းပဲ အဆင်တွေလာငမ်းနေကြတာ "
" အမလေး စွဲမက်ရယ် ဂုဏ်ပုဒ်တွေကိုထည့်မပြောစမ်းပါနဲ့ "
" အေးလေ မသိရင်ငါတို့က နှာဘူးမကြီးတွေကျနေတာပဲ "
" ဟုတ်လည်းဟုတ်နေတာပဲကို "
ထိုအချိန် ခရာမှုတ်သံကြားလိုက်ရတာမို့ စွဲမက်တို့လည်း စကားများတာရပ်လိုက်ကြပြီး ပွဲကိုပဲ အာရုံစိုက်လိုက်ကြသည်
လူတွေကတော့အများသား။ အဲ့ထဲကအဆိုးဆုံးက Bio ဆရာမနှင့် Eco ဆရာပင် ကွင်းဟိုဘက်နဲ့ဒီဘက်ကို အပြိုင်ကြည့်နေကြတာ
စွဲမက်တို့လည်း ဆရာနဲ့ဆရာမကိုကြည့်လိုက်တော့ ကျောချမ်းလာတာမို့ ကွင်းထဲကိုပဲ အကြည့်တွေပို့လိုက်တော့သည်ပြီးတာနဲ့ ကစားသမားတွေဝင်လာကြပြီး နိုင်ငံတော်သီချင်းကိုသီဆိုကြသည်
ထို့နောက် ဒိုင်လူကြီးမှ ဝီစီမှုတ်လိုက်တာနဲ့ ပြိုင်ပွဲကိုစတင်လိုက်ကြတော့သည်ပွဲက စကန်ကတည်းက ပရိတ်သတ်တွေက အုန်းအုန်းကြွတ်ကြွတ် Bio ဘက်ကလည်း Bio ဆိုပြီး ဘုံတွေနဲ့ပါတီးကြ တချို့ကျတော့လည်း ရေဘူးတွေနဲ့ တချို့ကျတော့လည်း လက်ခုပ်တီးကြလေသည် ဘောလုံးပွဲက တင်ဆက်သူအော်သံထက် ပရိတ်သတ်တွေအသံက ပိုကျယ်နေတာကြောင့် အသံလေးလျှော့ပေးပါလို့ပင် ပြောယူရသည်
ВЫ ЧИТАЕТЕ
I adore you ( Complete )
Любовные романыဒီဇာတ်လမ်းထဲက " စွဲမက်သျှင် " ဆိုတဲ့နာမည်ကို သာသာ crd ပေးပါတယ်နော် " မင်းညှို့သျှင် " နာမည်နဲ့ လိုက်ဖက်မှုရှိအောင် ထည့်ထားတာမို့လို့ပါရှင့် ဒီ fic လေးက သူငယ်ချင်း ၂ယောက်ရဲ့ အကြောင်းကိုပဲ ဦးစားပေးရေးသားမှာပါနော်