" I Adore You "
~~~~~~~~~~~~
Part - 26
~~~~~~~
" အခုကတော့ အားလုံးစောင့်မျှော်နေကြတဲ့ သတို့သမီးရောက်လာမဲ့ အချိန်ပဲဖြစ်ပါတယ်ဗျာ အားလုံးပဲလက်ခုပ်တီးပြီး ကြိုဆိုလိုက်ကြရအောင် "အခမ်းအနားအစီအစဥ်မျှူးက ကြေညာလိုက်တာနဲ့ သတို့သမီးလည်း ကော်ဇောအနီပေါ်မှာ လျှောက်လှမ်းလာလိုက်တယ်
သတို့သမီးဝင်လာတာနဲ့ သူတို့ရဲ့စီနီယာဖြစ်တဲ့ နေရှင်းကမ္ဘာက အဆိုတော်ဖြစ်သွားတာကြောင့် အဆိုပိုင်းကို သူကတာဝန်ယူထားလေသည်
Beautiful in white သီချင်းလေးကတော့ တကယ်ကိုမရိုးနိုင်အောင် မင်္ဂလာပွဲနဲ့ လိုက်ဖက်လို့နေတယ်
မင်္ဂလာပွဲကိုလာကြတဲ့သူတွေကလည်း မင်္ဂလာဇနီးမောင်နှံကိုကြည့်ကာ အပျော်မျက်ရည်များဖုံးလွှမ်းနေလျက်
ညနေဘက်ဖြစ်တာကြောင့် နေဝင်ဆည်းဆာနဲ့အတူ အရာအာလုံးကသဘာဝအတိုင်းလှပလို့နေတယ်
" အရင်ကမတည့်ကြတဲ့ Ecoဆရာနဲ့ Bio ဆရာမတောင် လက်ထပ်ပြီးသွားပြီဆိုတော့ ဖူးစာကတကယ်မိုက်ပဗျာ "
အကုန်လုံးကလည်း ရယ်လိုက်ကြတယ်
" ပန်း Bio ဆရာမနဲ့ Eco ဆရာတောင် ဖူးစာဆုံကြသေးတာပဲ ပန်းနဲ့ကိုယ်လည်း ပြောလို့မရဘူးနော် "
ပါးရဲ့ခါးလေးကို ဖက်ပြီးပြောလိုက်တယ်
" ကဲ ကဲ အခုကတော့ အားလုံးစိတ်ဝင်စားရတဲ့ သတို့သမီး ပန်းစည်းပစ်ပေးမယ့်အချိန်ပဲဖြစ်ပါတယ်ခင်ဗျ အမျိုးသမီးများ နေရာယူပေးကြပါနော် "
" ညှို့ လွှတ်ဦး ငါလည်းသွားမို့ "
" မသွားနဲ့ ဒီမှာပဲကြည့်နေ ပန်းစည်း ပန်းရဲ့လက်ထဲရောက်လာရင် ပန်းနဲ့ကိုယ်ဖူးစာပါလို့ပဲ "
" တကယ်လို့ ငါ့လက်ထဲမရောက်လာရင်ရော "
" အဟင်း ကြည့်နေလိုက်စမ်းပါ "
" ကဲ သတို့သမီးစပြီနော် Ready 1 2 3 "
အမျိုးသမီးတွေလည်း ပန်းစည်းမပစ်ခင်ကတည်းက နေရာလုနေကြတာ ပန်းစည်းပစ်ပြီးတဲ့ထိ နေရာလုလို့မပြီးနိုင်သေးပေ
" အဟား မိုက်တယ်ဗျာ ပန်းစည်းက ထိုင်နေတဲ့လူဆီကိုပဲ တည့်တည့်သွားကြတာ "
![](https://img.wattpad.com/cover/350847556-288-k266031.jpg)
ESTÁS LEYENDO
I adore you ( Complete )
Romanceဒီဇာတ်လမ်းထဲက " စွဲမက်သျှင် " ဆိုတဲ့နာမည်ကို သာသာ crd ပေးပါတယ်နော် " မင်းညှို့သျှင် " နာမည်နဲ့ လိုက်ဖက်မှုရှိအောင် ထည့်ထားတာမို့လို့ပါရှင့် ဒီ fic လေးက သူငယ်ချင်း ၂ယောက်ရဲ့ အကြောင်းကိုပဲ ဦးစားပေးရေးသားမှာပါနော်