" I Adore You "
~~~~~~~~~~~~
Part - 17
~~~~~~~
" Congratulations မောင်ရင် "
" ကျေးဇူးပါ အန်ကယ် "
" ဆရာကြီးရဲ့သားက အခုလိုထူးချွန်မယ်ဆိုတာ အန်ကယ်သိပြီးသားပါ "
" အဲ့လောက်လည်းမဟုတ်ပါဘူးဗျ "
" အန်ကယ်တို့လည်း တော်တော်ကြိုးစားလိုက်ရတယ်နော် အချိန် ၁နှစ်ကြီးတောင်ပေးဆပ်ခဲ့ရတာ "
" ဒီလိုပဲပေါ့ဗျာ အပင်ကြီးတစ်ပင်ဖြစ်လာဖို့ဆိုတာလည်း ချက်ချင်းကြီးမှဖြစ်မလာတာ မျိုးစေ့ချရတယ် အချိန်မှန်ရေလောင်းပေးရတယ် အဲ့လိုပဲပေါ့ဗျာ "
" အိမ်း ဟုတ်ပါ့ ဟုတ်ပါ့ ဒီည ဝန်ထမ်းတွေအတွက် ဂုဏ်ပြုပါတီလုပ်ပေးကြရအောင် မောင်ရင် "
" ကျွန်တော်လည်းအစကတည်းက တွေးထားပါတယ် အန်ကယ် "
" မောင်ရင်တို့မိသားစုလည်း အခုလောက်ဆို ဒီသတင်းသိလောက်ပြီပေါ့ "
" ကျွန်တော် အသိပေးပြီးပါပြီ "
" ရန်ကုန်က Company ကလည်း ဒီနှစ်အတွင်းမှာ တော်တော်ဖြစ်ထွန်းလာတယ်နော် model ချောချောလေးရှိနေတော့ "
" အဟင်း ဟုတ်တယ်ဗျ သူက ဘယ်နေရာမဆို လုပ်ချင်စိတ်ရှိရင် ဖြစ်အောင်လုပ်တတ်တယ် "
" မောင်ရင်တို့က သူငယ်ချင်းတွေလား ချစ်သူတွေလား "
" သူငယ်ချင်းပါပဲ ကျွန်တော့်မှာက ကောင်မလေးရှိပါတယ်ဗျ ကြုံရင်တော့မိတ်ဆက်ပေးပါ့မယ် "
" ကောင်းပါပြီ ဒါဆိုအန်ကယ် ဝန်ထမ်းတွေပျော်သွားအောင် အသိပေးလိုက်တော့မယ် "
" ဟုတ်ကဲ့ အန်ကယ် "
အန်ကယ် ထွက်သွားပြီးခဏကြာတော့ သူ့ဆီကိုဖုန်းဝင်လာလေသည်
" ဟယ်လို ကို "
" ပြောလေ ယော "
" Congratulations နော် ကို ယောအခုမှမြင်မိတာ ကိုတို့ brand က ခဏလေးပဲရှိသေးတယ် ချက်ချင်းကိုထိုးဖောက်သွားတာ "
" ကိုက ဘယ်သူမို့လို့လဲ ဆရာကြီးလေ "
" အဟင်းကိုနော် ရွှတ်နောက်နောက်နဲ့ မြန်မာပြည်ကိုပြန်မလာသေးဘူးလား ကို "
ВЫ ЧИТАЕТЕ
I adore you ( Complete )
Любовные романыဒီဇာတ်လမ်းထဲက " စွဲမက်သျှင် " ဆိုတဲ့နာမည်ကို သာသာ crd ပေးပါတယ်နော် " မင်းညှို့သျှင် " နာမည်နဲ့ လိုက်ဖက်မှုရှိအောင် ထည့်ထားတာမို့လို့ပါရှင့် ဒီ fic လေးက သူငယ်ချင်း ၂ယောက်ရဲ့ အကြောင်းကိုပဲ ဦးစားပေးရေးသားမှာပါနော်
