" I Adore You "
~~~~~~~~~~~
Part - 4
~~~~~~
" စာမေးပွဲ အစမ်းဖြေရတယ်ဆိုပြီး မပေါ့ကြနဲ့နော် တစ်ယောက်နဲ့တစ်ယောက်လည်း ခိုးမချကြနဲ့ "
" ဟုတ်ကဲ့ပါ ဆရာမ "
" ခိုးချတာမိရင် ထိုင်ထအခါ ၂၀၀ လုပ်ခိုင်းမယ်"
" ဟုတ်ကဲ့ပါ ဆရာမ "
" အမယ် တယ်ငြိမ်လှချည်လား စကားသံတွေကိုညီနေတာပဲ စာမေးပွဲဖြေလို့မှ စကားသံကြားရရင် ဆရာကြီးနဲ့တိုင်မယ် "
သူတို့အတန်းပိုင် bio ဆရာမက အဲ့လိုပါပဲ
တပည့်တွေကိုမနိုင်တော့ရင် နင်တို့ကို ဆရာကြီးနဲ့တိုင်မယ်ဆိုတာချည်းပဲ
" အချိန်စေ့ပြီ စဖြေတော့ "
စိုးယုလည်း ကိုယ့်စာကိုယ်ဖြေနေတဲ့ ကလေးတွေကြောင့် ပြုံးလိုက်သည်
ကျောင်းသားတွေကတော့ ဆရာမကအနောက်ကို လမ်းလျှောက်တာနဲ့ အရှေ့ကလူတွေက စာရွက်တွေထောင်ပြကြ ဆရာမကအရှေ့ကိုလမ်းပြန်လျှောက်တော့ အနောက်ကလူတွေကအချင်းချင်စာခိုးချကြနဲ့ ဟုတ်နေတာပါပဲ
သူတို့ဆရာမစိုးယုလောက်တော့ သူတို့ကအပျော့ပဲ တချို့ဆို စာရွက်လိုက်ကြီး ယူပြီးတော့ကို ကူးရေးတာ ဒါတွေလည်း ဆရာမ မသိ
" 5မိနစ်ပဲ ကျန်တော့တယ်နော် မြန်မြန်လေးဖြေကြမယ် "
သူတို့တွေလည်း စာခိုးချခြင်းအလုပ်ကိုအဆုံးသတ် လိုက်ကြသည် International school ဆိုပေမဲ့လည်း စာခိုးချမှာပဲကျောင်းသားမှန်ရင်စာခိုးချရမယ်
" ဟူး......စာခိုးချရတာ မောလိုက်တာကွာ "
" ငါရောပဲ ဝေယံရာ စွဲမက်က သေချာမပြဘူး "
" ငါလည်း ဆရာမအလစ်မှာပြတာပဲကို သူ့ဘာသာသေချာမကြည့်ဘဲနဲ့ "
" ကောင်းကင်စုတ် စာပြပါဆို မကြားချင်ယောင်ဆောင်နေတယ် "
" တကယ်မကြားတာ မြူနှင်းရ ငါလည်းညှို့ဆီက စာကူးနေရတာနဲ့ နင့်စကားသံကိုမကြားမိလိုက်တာ ဒါပေမဲ့ ဆရာမအလစ်မှာ ငါနင့်ကိုအကြာကြီးပြတာကို "
" ငါ့ရဲ့ ဝတ်လွှာလေးပဲ ကောင်းတယ် သူ့စာသူဖြေတာ "
စွဲမက်မှ ဝင်ပြောလိုက်တော့ အကုန်လုံးလည်း လက်မထောင်ပြကြသည်
ESTÁS LEYENDO
I adore you ( Complete )
Romanceဒီဇာတ်လမ်းထဲက " စွဲမက်သျှင် " ဆိုတဲ့နာမည်ကို သာသာ crd ပေးပါတယ်နော် " မင်းညှို့သျှင် " နာမည်နဲ့ လိုက်ဖက်မှုရှိအောင် ထည့်ထားတာမို့လို့ပါရှင့် ဒီ fic လေးက သူငယ်ချင်း ၂ယောက်ရဲ့ အကြောင်းကိုပဲ ဦးစားပေးရေးသားမှာပါနော်
