အပိုင်း ( ၂၄ )

14.5K 223 5
                                        

" I Adore You "
~~~~~~~~~~~~~
Part - 24
~~~~~~~
" သား ဘာလို့ကောင်မလေးထားတာ မာမီ့ကိုမပြောတာလဲ "

" ကျွန်တော်လည်း အရွယ်ရောက်နေပြီပဲ မာမီ ကျွန်တော်ကြိုက်တဲ့လူကိုရွေးချယ်လို့ရတာပဲ "

" မာမီ သဘောမတူဘူး ပန်းလေးနဲ့မှမဟုတ်ရင် ဘယ်သူနဲ့မှသဘောမတူဘူး "

" ရတီ စိတ်လျှော့ "

စိုင်းနောင်လည်း စိတ်အရမ်းတိုနေတဲ့ မိန်းမဖြစ်သူကို ဝင်ပြောလိုက်ရတယ်

" အို ဘာမှလာမပြောနဲ့ ​မေမီနဲ့မင်းထွဋ်ရှေ့မှာ ဘယ်လောက်မျက်နှာပျက်လိုက်ရသလဲ ကျွန်မမှာ ဟိုမှာကတည်းကပြောချင်နေတာ သားကိုမာမီတစ်ခါတည်းပြောထားမယ် အဲ့ကောင်မလေးနဲ့အဆ​က်အသွယ်ဖြတ်လိုက်ပါ "

" ကျွန်တော်မဖြတ်နိုင်သေးဘူး မာမီ "

" မဖြတ်လို့မရဘူး မင်းတို့မွေးနေ့ကျရင် ပန်းလေးနဲ့လက်ထပ်ဖို့လုပ်ပေးထားတာ ဒါကြောင့်မင်းရဲ့အရှုပ်တွေကိုတစ်ခါတည်းရှင်းထား "

မာမီကပြောပြီးတာနဲ့ ဒယ်ဒီ့ကိုခေါ်ပြီး ထွက်သွားသောကြောင့် ဧည့်ခန်းထဲမှာသူပဲကျန်ခဲ့တယ်

" ညှို့ အဆင်ပြေရဲ့လားဟင် "

" ဟင် ပန်း  ဘယ်လိုရောက်လာတာလဲ "

" နင့်ကို အများကြီးဆူနေမှာစိုးလို့ လိုက်လာတာ အခုက ဆူပြီးသွားတဲ့ပုံပဲ "

" အင်း ဟုတ်တယ် "

" ငါ မေလှိုင့်ကို ကူပြောပေးပါ့မယ် "

" ဘာကိုလဲ "

" နင်ယောကိုချစ်တယ်မလား မေလှိုင်သဘောတူအောင် ပြောပေးမယ်လေ "

" ပန်း နင်ဘာမှမဖြစ်ဘူးလား "

" ဘာကိုဖြစ်ရမှာလဲ "

" ကိုယ့်ကို တခြားလူဆီပေးနိုင်တယ်ပေါ့ "

" ငါမပေးခင်ကတည်းက နင်ကသွားပြီးနေပြီပဲ နင်လည်းအခုအဆင်ပြေနေပြီဆိုတော့ ငါပြန်တော့မယ် "

ညှို့လည်း လှည့်ထွက်သွားဟန်ပြင်နေသော ပန်းကြောင့် လက်လေးကိုအားနဲ့ဆွဲချလိုက်တယ်

အားနဲ့ဆွဲလိုက်သော ညှို့ကြောင့် အရှိန်မထိန်းနိုင်ဘဲ စွဲမက်လည်း သူ့ပေါင်ပေါ်ကျသွားရသည် ပြန်ထမယ်ကြံတော့ တင်းနေအောင်ဖက်ထားသော ညှို့ကြောင့် ထလို့မရပေ

I adore you ( Complete ) Nơi câu chuyện tồn tại. Hãy khám phá bây giờ