" အခုမှဆင်ခြင်တွေလာမပေးနဲ့ ငါနင်နဲ့ ကွာရှင်းမယ် "
" ပန်း "
" တော်တော့ ပန်းလေး အခုမှလက်ထပ်ထားတာ ၃လတောင်မပြည့်သေးတာကို ကွာရှင်းမဲ့စကားပြောရလား
မာမီနဲ့ဟိုဘက်အိမ်လိုက်ခဲ့ "
မေမီလည်း သမီးလက်ကိုဆွဲပြီး ရတီတို့အိမ်ကိုခေါ်လာခဲ့ရတယ်
ကလေးတွေလက်ထပ်ပြီးတော့ မေမီတို့နေတဲ့အိမ်ကို ကလေး ၂ယောက်ကိုလက်ဖွဲ့လိုက်ပြီး သူမနဲ့သူမခင်ပွန်းက ရတီတို့အိမ်မှာတူတူနေခြင်းပင်
" မာမီ့ကို အကုန်ပြောပြ "
.....
" ဒီနေ့ကျွန်တော်တို့ Company ကို Desinger အသစ် ရောက်လာတယ် uk ကနေရောက်လာတာ နာမည်က David "
.....
" မာမီပဲ စဥ်းစားကြည့် သမီးက Desinger သင်တန်းတက်နေတာကို သူ့ဆီက အကျီကိုယ်တိုင်းယူတာ ဘာဖြစ်လို့လဲ အဲ့ဒါကိုလူကြားထဲမှာ သဝန်လာတိုတယ် အလုပ်နဲ့ကိုယ်ရေးကိုယ်တာကို မခွဲခြားဘူးသူက "
" ပြီးတော့ရော ဘာဆက်ဖြစ်သေးလဲ "
.....
" မေမြတ်ကိုဖုန်းဆက်တော့ ပန်းပြန်မရောက်သေးဘူးဆိုလို့ ကျွန်တော်ကမနှိုင်းတို့အိမ်လိုက်သွားတော့ ပန်းက ဟိုကောင့်ကို လက်ဖက်သုပ်ခွံ့ကျွေးနေတာ ကျွန်တော်လည်းစိတ်တိုပြီး ပန်းကို လက်ဆွဲပြီးခေါ်လာတာ ခြံရှေ့ရောက်တော့ သံယောဇဥ်ကို တွေ့လို့ ကျွန်တော်လည်း ပန်း ကျွန်တော့်ကိုနားလည်အောင် သူ့ကိုဖက်လိုက်မိတယ် "
......
" မာမီပဲစဥ်းစားကြည့်ပါဦး သူအဲ့လိုဖက်စရာလိုလို့လား "
" သမီးကရော ဘာလို့ဟိုကောင်လေးကို ခွံ့ကျွေးရတာလဲ "
" သူက မိန်းကလေးမာမီရဲ့ မနှိုင်းတို့ဘေးအိမ်မှာအရင်ကနေခဲ့တာ အဲ့ဒါကိုညှို့ကမသိဘဲ သူ့ဘာသာစိတ်တွေတိုနေတာ ရှင်းပြတော့လည်း သူကနားမထောင်ဘူး "
" ဒါဆိုလည်း သိအောင်ပြောပြရမှာပေါ့ ပန်းလေးရဲ့ ကြည့်ပါဦး မာမီ့ကလေးလေးပါးက ယောင်နေပြီ မာမီရေခဲကပ်ပေးမယ်နော် "
ВЫ ЧИТАЕТЕ
I adore you ( Complete )
Любовные романыဒီဇာတ်လမ်းထဲက " စွဲမက်သျှင် " ဆိုတဲ့နာမည်ကို သာသာ crd ပေးပါတယ်နော် " မင်းညှို့သျှင် " နာမည်နဲ့ လိုက်ဖက်မှုရှိအောင် ထည့်ထားတာမို့လို့ပါရှင့် ဒီ fic လေးက သူငယ်ချင်း ၂ယောက်ရဲ့ အကြောင်းကိုပဲ ဦးစားပေးရေးသားမှာပါနော်
