" I Adore You "
~~~~~~~~~~~~~
Part - 20
~~~~~~~
" ကို ယော ဒီမှာ "ညှို့ ယောလက်လှမ်းပြရာနေရာသို့ သွားလိုက်သည်
" ကြာပြီလား ယော "
" ခုနလေးတင်မှ ကို ဘာစားမလဲ "
" ယော အဆင်ပြေတာပဲမှာလိုက်ပါ "
" ဒါဆို steak မှာလိုက်မယ်နော် ကို "
" အင်း ဒါနဲ့ ယောအဖေနဲ့ အဆင်ပြေသွားပြီလား "
" ဟိုတနေ့ကတော့ ယော အိမ်ကိုလာသေးတယ် ဒယ်ဒီက တစ်ခုခုထားစရာရှိမှ ယောအိမ်ကိုလာတာ ပုံမှန်ဆိုခြေဦးတောင်မလှည့်ဘူး "
" ဟုတ်လား ဘာတွေများလဲ "
" ယောအထင် စာရွက်စာတမ်းတွေပဲနေမှာပါ ယောကိုလည်း ကို့မိဘတွေနဲ့မိတ်ဆက်ပေးရမှာနော် "
" ဒယ်ဒီသက်သာလာရင်တော့ ကိုမိတ်ဆက်ပေးမှာပါ "
" ဟုတ် ကို စွဲမက်နဲ့ကိုနဲ့ကရော "
" အော် သူနဲ့ကလား "
" အင်း "
" ယော သူနဲ့ပတ်သက်ပြီးစိတ်ပူဖို့မလိုပါဘူး "
" အဟင်း ကောင်းပါပြီ "
" ကဲ စားကြတာပေါ့ "
" ဟုတ် ကို "
ယောလည်း ညှို့နဲ့အတူတူ ညစာစားတာ ပထမဆုံးအကြိမ်ဖြစ်တာကြောင့် ပျော်ရွှင်နေတော့တယ်
" ဒါနဲ့ ကို ကျောင်းပြန်မတက်တော့ဘူးလား "
" အင်း ကိုမတက်တော့ဘူး စီးပွားရေးပဲလုပ်တော့မယ် "
" ကိုက အရမ်းကြိုးစားတာပဲ "
" ကို့ကောင်မလေးကို ပျော်အောင်ထားဖို့ ကြိုးစားရတာပေါ့ "
" အဟင်း ကိုကလည်း "
ညှို့အာရုံထဲမှာတော့ ထိုစကားပြောနေချိန် တစ်ယောက်သောသူရဲ့မျက်နှာလေးက ပေါ်လာတော့တယ်
_
_
_
_" ကြီးမေ ပန်းရော "
" အပေါ်မှာ ညှို့ရေ ဒီကလေးမ ထမင်းလည်းအခုထိလာမစားသေးဘူး အခုပဲမိပြာယာကို ပို့ခိုင်းတော့မလို့ "
" ဒါဆို ကျွန်တော် ယူသွားလိုက်မယ် "
" အေးအေး ဟုတ်ပြီကွယ် "

ВЫ ЧИТАЕТЕ
I adore you ( Complete )
Любовные романыဒီဇာတ်လမ်းထဲက " စွဲမက်သျှင် " ဆိုတဲ့နာမည်ကို သာသာ crd ပေးပါတယ်နော် " မင်းညှို့သျှင် " နာမည်နဲ့ လိုက်ဖက်မှုရှိအောင် ထည့်ထားတာမို့လို့ပါရှင့် ဒီ fic လေးက သူငယ်ချင်း ၂ယောက်ရဲ့ အကြောင်းကိုပဲ ဦးစားပေးရေးသားမှာပါနော်