အပိုင်း ( ၁၃ )

8.6K 163 0
                                    

" I Adore You "
~~~~~~~~~~~~
Part - 13
~~~~~~~
" စွဲမက် ငါအခုတလော ဗေဒင်တွေ တားရော့တွေစိတ်ဝင်စားနေတာ "

" ဘာလို့လဲ "

" အတန်းထဲက ကောင်မလေးတွေက အဲ့ဒါတွေပဲပြောနေကြတာ ငါလည်းလုပ်ချင်လာလို့ "

" ဝတ်လွှာရယ် နင်ကအခု ဘာဖြစ်နေလို့လဲ "

" မြူနှင်းရယ် နင်ပဲပြောလိုက်တော့ သူဘာစိတ်ကူးတွေပေါက်နေလဲမသိဘူး "

" နင်တို့ကလည်း ငါကစိတ်ဝင်စားလို့ကို "

" ငါမနေ့ကဖတ်တဲ့စာအုပ်ထဲမှာဟာ Mr.Podger လို့ခေါ်တဲ့ Palmist(လက္ခဏာပညာရှင်) တစ်ယောက်ရှိတယ် သူဟောတာတွေအကုန်လုံးက အရမ်းမှန်တယ်လို့ လန်ဒန်တမြို့လုံးကလူတွေက ယုံကြည်ကြတယ် အဓိကဇာတ်လိုက်က Lord Arthur Savile

သူက အဲ့ဒါတွေကိုသိပ်ပြီး အယုံအကြည်မရှိပေမဲ့ သူ့အဒေါ်က Mr.Podger အကြောင်းတွေပြောပြတော့ သူကလည်းစိတ်ဝင်စားသွားတာ တစ်နေ့ကျ ပွဲကြီးတစ်ပွဲကျင်းပတယ် အဲ့ပွဲက Lord Arthur Savile ရဲ့ အဒေါ် လုပ်တာ အဲ့ပွဲကို Mr.Podger ရော Lord Arthur ရောလာကြတာ

အဲ့ပွဲမှာရှိတဲ့ လူတွေအကုန်လုံးက Mr.Podger ကို လက္ခဏာကြည့်ခိုင်းကြတာ တစ်ယောက်ပြီးတစ်ယောက်ကြည့်ပြီးတဲ့အချိန်မှာ Lord Arthur အလှည့်ရောက်လာရော သူ့အလှည့်ကျ Mr.Podger မျက်နှာက တခြားလူတွေနဲ့မတူဘဲ တစ်မျိုးဖြစ်သွားတာ

Lord Arthur ရဲ့ အဒေါ်က ပြောလေ Mr.Podger မင်းဘာ​မြင်လို့လဲတဲ့ အကောင်းလား အဆိုးလားတဲ့ Mr.Podger ကလည်း ကောင်းတာတွေပဲပြောလိုက်တာ

ဒါပေမဲ့ Lord Arthur က မယုံတော့ သီးသန့်သွားမေးတာ Mr.Podger ကလည်းဖြေလိုက်တယ်
" You will kill someone, soon "
အဲ့လိုပြောတာကြားလိုက်တော့ Lord Arthur ကလည်းအတွေးများသွားရော

သူကအဲ့ဒါကြီးကိုစိတ်ထဲစွဲနေပြီး သူ့ဘဝပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့အတွက် သူကလူသတ်ဖို့ဆုံးဖြတ်လိုက်ရော Mr.Podger ဟောခဲ့တာက မင်းက မင်းဆွေမျိုးဝေးထဲက တစ်ယောက်ယောက်ကိုသတ်မိလိမ့်မယ်တဲ့ အဲ့ဒါနဲ့သူလည်း စဥ်းစားကြည့်တော့ သူ့အဖွားကခေါင်းထဲပေါ်လာရော သူ့အဖွားကိုသတ်ဖို့ကြံစည်လိုက်တာ ဖတ်နေတာက မပြီးသေးတော့ ဖြစ်​မြောက်သွားလား မဖြစ်မြောက်ဘူးလားဆိုတာတော့ငါလည်းမသိဘူး ငါအဓိကပြောချင်တာကဟာ သူလည်းအစကသူ့ဘာသာနေတာအကောင်း တကယ်လို့သူသာ လက္ခဏာကိုမကြည့်ခဲ့ဘူးဆိုရင် အဲ့လိုဖြစ်မှာမဟုတ်ဘူးလေ နင့်ကိုလည်းအဲ့လိုဖြစ်မှာစိုးလို့ "

I adore you ( Complete ) Where stories live. Discover now