အပိုင်း ( ၂၉ )

12.1K 171 7
                                        

" I Adore You "
~~~~~~~~~~~~~
Part - 29
~~~~~~~
" ပြောင်းလဲမသွားတော့မယ့်အချစ်နဲ့
ဟောင်းနွမ်းမသွားတော့မယ့်အချစ်နဲ့
မအိုမင်းတော့တဲ့အချစ်နဲ့
ငယ်ငယ်တုန်းကထက် ပိုချစ်တယ် "

" ပြောင်းလဲမသွားတော့မယ့်အချစ်နဲ့
ဟောင်းနွမ်းမသွားတော့မယ့်အချစ်နဲ့
မအိုမင်းတော့တဲ့အချစ်နဲ့
ငယ်ငယ်တုန်းကထက် ပိုချစ်တယ် "

" ပြောင်းလဲ....... "

" အော် ဒီစွဲမက်သျှင်ကတော့ ဒါကြီးပဲဆိုနေတာပဲဟယ် "

" နင်ချစ်မှန်းသိပြီမို့လို့ မဆိုပါနဲ့တော့ ဒါကိုပဲဆိုနေတာ အခါ ၁၀၀ လောက်ရှိနေပြီ "

" အဟီး အဲ့နေရာပဲရတာကိုးလို့ "

" နောက်နေ့ကျမှ အဲ့သီချင်းကိုရေးပေးပြီး နင့်ဆီလာပေးမယ် ပြီးရင်အလွတ်ကျက်ပြီး တစ်ပုဒ်လုံးအပြည့်ဆို အခုကငါပါအလွတ်ရတော့မယ် "

" နင်တို့တွေကလည်းနော် ဒီနေ့ကငါ့စေ့စပ်ပွဲနေ့ဆိုတော့ ပျော်နေလို့ကို "

" နင်ပျော်နေမှန်းသိလို့ ဘာမှမပြောဘူးလေ စွဲမယ်ရယ် အခုဟာက ငါ့မှာ ဘာလုပ်လုပ် အဲ့သီချင်းကြီးပဲ ကြားနေတာ "

" ငါရောပဲ ခုနကရေသွားသောက်တာ အဲ့သီချင်းကြီးကြားလို့ ရေတောင်နင်သွားတယ် "

" ပိုလိုက်တာ ဒီ၂ယောက်ကတော့ အင်းပေါ့လေငါက နင်တို့ထဲမှာအရင်ကံထူးသွားတာဆိုတော့လည်း မပြောတော့ပါဘူးလေ ဒါနဲ့ငါလှတယ်မလား "

" အမှန်အတိုင်းပြောရမလား "

ဝတ်လွှာကပြောတာကြောင့် သူမလည်းခေါင်းညိတ်ပြလိုက်တယ်

" ဝတ်စုံကြောင့် ပိုလှတာလို့တော့ငါထင်တယ် "

" မဟုတ်ပါဘူး make up ကြောင့်ပါဟ "

" ဝတ်စုံကြောင့်ပါဆို "

" make up ကြောင့်လို့ "

" ဝတ်စုံပါဆိုနေမှပဲ "

" make up ပါလို့ဆိုနေမှပဲ "

" တော်တော့ တော်တော် မေးမိတဲ့ငါကိုက မှားတာ ညှို့ကိုပဲသွားမေးတော့မယ် နင်တို့ဘာသာရန်ဆက်ဖြစ်ကြ "

စွဲမက်လည်း ပြောပြီးတာနဲ့ ညှို့တို့အိမ်ကိုလာခဲ့လိုက်တယ်

I adore you ( Complete ) Où les histoires vivent. Découvrez maintenant