အပိုင်း ( ၂၅ )

10.7K 174 14
                                    

" I Adore You "
~~~~~~~~~~~~~
Part - 25
~~~~~~~
" ဒါကတော့ အသစ်ထွက်မဲ့ jewellery နှစ်စုံစာပါ "

meeting room ထဲမှာရှိတဲ့ လူတွေလည်း အရှေ့မှာရှိတဲ့ စာရွက်ထဲက ဟာကိုကြည့်လိုက်ကြတယ်

" ကျုပ်ကတော့ သဘောကျတယ် "

" ကျွန်တော်ကတော့ အကုန်လုံးနှစ်သက်မယ်ထင်ပါတယ် ပြီးတော့ကျွန်တော်ဒီကိစ္စတွေကို ဦးမင်းထွဋ်နဲ့လွှဲထားခဲ့ပါမယ်ခင်ဗျ ကျွန်တော်လူမှုရေးကိစ္စနဲ့ခရီးတစ်ခုထွက်စရာရှိလို့ပါ "

" ဘယ်နှစ်ရက်ကြာမှာလဲ မောင်ရင် "

" ၂ရက်လောက်ပါပဲ အခုကျွန်တော်ပြထားတဲ့ဟာတွေကို မနက်ဖြန်ပဲ အကောင်အထည်ဖော်မှာပါ ဒီကိစ္စနဲ့ပတ်သက်ပြီး ကန့်ကွက်ချင်တဲ့လူများရှိပါသလား "

" မရှိပါဘူး "( all )

" Company စည်းကမ်းအရ ဒီစာရွက်တွေကိုတော့ ပြန်သိမ်းသွားပါ့မယ်ခင်ဗျ "

" ရပါတယ် မောင်ရင် "

ဝေယံကတော့ စာရွက်တွေပြန်သိမ်းသွားလည်း ဘာမှမဖြစ်ပါ ခုနကပဲဘယ်သူမှမသိအောင်ဓာတ်ပုံရိုက်ပြီးသွားပြီဖြစ်သည်

" ဒါဆို အစည်းအဝေးကို ဒီမှာပဲရပ်နားပါ့မယ်ခင်ဗျ "

အကုန်လုံး meeting room ထဲကထွက်သွားတော့ သူနဲ့ဖေထွဋ်ပဲကျန်ခဲ့လေသည်

" ဖေထွဋ် ပန်းရဲ့ design တွေကိုတော့ ကျွန်တော် design ဌာနမှာ အပ်ထားပြီးပြီ "

" ဟုတ်ပြီ ဖေထွဋ်က ဝေယံ့ရဲ့အခြေအနေကို စောင့်ကြည့်ထားလိုက်မယ် "

" ပြီးတော့ကျွန်တော့်မှာ နိုင်ကွက်တစ်ခုရှိတယ် "

" ဟေ ဘာများလဲ "

" ဒယ်ဒီ့ကို လုပ်ကြံတာ ဦးမင်းထက်ဆိုတဲ့သက်သေ ကျွန်တော့်မှာရှိတယ် "

" သက်သေကဘယ်လိုရသွားတာလဲ "

ညှို့လည်း ဒယ်ဒီဆေးရုံဆင်းတဲ့နေ့က အဖြစ်အပျက်ကိုပြောပြလိုက်တယ်

" ဟားဟား ဒီတစ်ခါတော့ မင်းထက်ပြေးမလွှတ်တော့ဘူး "

" သေချာတော့စောင့်ကြည့်ရဦးမယ် ဖေထွဋ် လုပ်ကြံခိုင်းတဲ့လူထွက်ပြေးသွားမှာစိုးလို့ မနေ့ကပဲ ကျွန်တော့်သူငယ်ချင်းရဲ့အဖေ ရဲမှူးဆီမှာအပ်ထားလိုက်တယ် "

I adore you ( Complete ) Donde viven las historias. Descúbrelo ahora