အပိုင်း ( ၂၈ )

9.8K 156 6
                                    

" I Adore You "
~~~~~~~~~~~~~
Part - 28
~~~~~~~~
" မာမီနဲ့ဒယ်ဒီ ဘယ်သွားကြမလို့လဲဟင် ညနေပဲရောက်နေပြီ "

" သမီးဒယ်ဒီအတွက် အကျီသွားဝယ်ပေးမို့ ပန်းလေးရဲ့ "

" ဟွန့်....သမီး​က ဟင်းချက်ကြည့်မလို့ကို ကြီးမေကလည်းရိပ်သာဝင်နေတော့ မာမီ့ကိုအကူအညီတောင်းမို့ကို "

" Youtube ကကြည့်ပြီးချက်လိုက်ပေါ့ ပန်းလေးရဲ့ "

" အင်း....အဲ့လိုပဲလုပ်ရတော့မှာပေါ့ မာမီနဲ့ဒယ်ဒီဂရုစိုက်သွားကြနော် "

" ဟုတ်ပါပြီကွယ် ဒယ်ဒီ့ Princess လေးလည်း ဟင်းချက်တာဂရုစိုက်ဦးနော် "

" ဟုတ် ဒယ်ဒီ "

ဒယ်ဒီနဲ့မာမီ ထွက်သွားတာနဲ့ အိမ်မှာမိပြာယာနဲ့ သူမပဲ ကျန်ခဲ့တော့တယ် ပြာယာက အိမ်သန့်ရှင်းရေးလုပ်နေတော့ တစ်ယောက်တည်းပဲ ချက်ရတော့မှာပေါ့လေ

ပထမဦးစွာ အေပရွန်ကို အရင်ဝတ်လိုက်တယ်

" ဟင်း....ဘာချက်ရင်ကောင်းမလဲ ပြာယာ့ဆီက အကြံဥာဏ်တောင်းဦးမှပါလေ "

ဒီလိုနဲ့သူမလည်း ဧည့်ခန်းထဲမှာ သန့်ရှင်းရေးလုပ်နေတဲ့ ပြာယာ့ဆီကိုသွားလိုက်ရတယ်

" ပြာယာရေ "

" ရှင် မမ "

" နင်စားချင်တာတစ်ခုခုငါ့ကိုပြော ငါလုပ်ကျွေးမယ် "

" အယ် တကယ်ကြီးလား "

" အင်း အတည်ပြောတာ "

" ခုတစ်လောပြာယာက ​ကျောက်ပွင့်သုပ်စားချင်နေတာမမရဲ့ ဟင်းခါးပူပူလေးနဲ့ "

" အဲ့ဒါပဲလား "

" ဟီး ပြီးရင် ပေါင်မုန့်ကြက်ဥကြော်ရော "

" ငါအကုန်လုပ်ကျွေးမယ် နင်သာအိမ်သန့်ရှင်းရေးကို ပြီးအောင်လုပ်ထား "

" ဟုတ် မမ "

စွဲမက်လည်း ပြာယာ့ကိုမေးပြီးတာနဲ့ Kitchen ထဲပြန်ဝင်လာပြီး လိုအပ်တာများကိုအရင်ထုတ်လိုက်တယ်

" အင်း....အရင်ဆုံးကျောက်ပွင့်ကိုရေစိမ်ရမယ် ရေစိမ်ပြီးပြီဆိုတော့ ခရမ်းချဥ်သီးအစိမ်းကို ပါးပါးလေးလှီးလိုက်မယ် "

I adore you ( Complete ) Tempat cerita menjadi hidup. Temukan sekarang