အပိုင်း ( ၃၈ )

7.1K 105 0
                                    

" အော့ ဝေါ့ "

" ပန်း ရရဲ့လား "

" ဟင့်အင်း ခေါင်းထဲက အရမ်းမူးနေတယ် ဝေါ့ "

ဘေးစင်နားမှာအန်နေတဲ့ ပန်းကြောင့် သူလည်းပန်းအနားမှာနေပြီး ကျောကုန်းကိုခပ်ဖွဖွလေးနှိပ်ပေးနေမိတယ်

ခဏကြာ ပန်းအန်တာသက်သာသွားမှ အိပ်ယာပေါ်မှာ သက်သောင့်သက်သာလှဲခိုင်းလိုက်တယ်

" ပန်း မနက်က ဘာတွေစားသေးလဲ "

" ထမင်းနဲ့ဟင်းပဲစားတာ "

" မညာနဲ့နော် ပန်း "

" တကယ်ပါဆို ညှို့ကလည်း
လူကို မယုံသင်္ကာနဲ့ "

" ကိုယ်စိတ်ပူလို့ပါကွာ "

" ခုအိပ်ချင်ပြီ ငါ့ကိုဖက်ထားပေး "

" သခင်မလေး သဘောအတိုင်းပါဗျ "

" အဟီး ညှို့ရဲ့ ကိုယ်သင်းနံ့လေးက အမြဲနှင်းဆီအနံ့လေး "

" ပန်းဆီကနေ ကိုယ်လည်းဓာတ်ကူးသွားတာ "

ဟုတ်တော့လည်းဟုတ်သည် စွဲမက်​က ငယ်ငယ်ကတည်းက ရေချိုးဆပ်ပြာရော ရေမွှေးရနံ့ရော အကုန်နှင်းဆီရနံ့ပဲသုံးတာပင်

" ညှို့ ချစ်တယ် "

" ကိုယ်လည်း ချစ်ပါတယ်ဗျာ အချစ်လေးကို "

" ညှို့က ငါ့ကိုတစ်ချိန်ကျစိတ်ကုန်သွားမှာလားဟင် "

" ဟင့်အင်း ဘယ်တော့မှပဲ ကိုယ်ကပန်းကိုအမြဲတမ်းချစ်နေမှာ "

" ဒါဆို သီချင်းဆိုပြီး ချော့သိပ် "

" ဘယ်သီချင်းဆိုပြရမလဲ "

" ငါစိတ်ဆိုးနေရင် ညှို့အမြဲတမ်းဆိုပြတဲ့သီချင်း "
🎼🎼
အဖြူစင်ဆုံး နင့်အပြုံးနဲ့အကြည့်ကရင်ထဲ တကယ်အေးမြနေပြီ
ရင်အခုန်ဆုံး နှုတ်ခမ်းပါးရဲရဲလေးကို ငါငေးကြည့်နေမိ
အသာယာဆုံး နင်ပြောတဲ့စကားလုံးများက ခွန်အားဖြစ်နေပြီ တူ..ဟူး.....ခွန်အားဖြစ်နေပြီ

အလိုချင်ဆုံး မင်းရဲ့နှလုံးသားထဲက အနက်ရှိုင်းဆုံး အချစ်စကား
အလိုအပ်ဆုံး မင်းရဲ့နွေးထွေးမှုနဲ့ အသန့်ရှင်းဆုံးအကြင်နာ
ကမ္ဘာမြေအဆုံး တို့နှစ်ယောက်လျှောက်လို့သွားမယ် လက်တွဲမဖြုတ်ချင်ဘူး တူ...ဟူး...လက်တွဲမဖြုတ်ချင်ဘူး

I adore you ( Complete ) Where stories live. Discover now