" I Adore You "
~~~~~~~~~~~~
Part - 12
~~~~~~~
စွဲမက်တို့ ပထမနှစ်ကြီးပြီးသွားတော့ ပိတ်ရက်တွေမှာ ဒယ်ဒီ့ရဲ့လုပ်ငန်းတွေမှာ ဝင်ကူဖြစ်ကြသည်" ညှို့ ဒါလေးလုပ်ပြဦး "
" ပန်း အခုထိ Dr နဲ့ Cr တောင်မခွဲတတ်သေးဘူးလား "
( Dr=Debit / Cr=Credit အဲ့ဒါက လုပ်ငန်းတခုမှာအရေးကြီးတဲ့ နေရာမှာပါဝင်ပါတယ်ရှင့် )" ခဏခဏမေ့နေလို့ ပြန်လုပ်ပြဦး "
" Cash Book နဲ့ Journal နဲ့က မတူဘူးပန်း.... Cash Book မှာဆို ငွေဝင်ရင် Credit... ငွေထွက်ရင် Debit
ပန်း Cash Book ကို သေချာနားလည်ပြီဆိုရင် Journal ရိုက်လို့ရပြီ Cash Book နဲ့ Journal က ဆန့်ကျင်ဘက်ပဲ
တကယ်လို့ ပန်းကစာရင်းမှားပြီးသွင်းလိုက်ရင် Balance ညီမှာ မဟုတ်ဘူး ဒါကြောင့်တစ်ခုတည်းကိုပဲအသေမှတ်ထားနော် "
" အင်းအင်းသိပြီ ရှဲရှဲနော် ညှို့ "
" ဒါနဲ့ ပန်း ငါမေးစရာရှိတယ် "
" မေးလေ ညှို့ "
" ပန်းနဲ့သံယောဇဥ်က တစ်ယောက်နဲ့တစ်ယောက်မခေါ်ကြဘူးလား "
" ဘာလို့လဲဟင် "
" သံယောဇဥ် အခုတလော ငါ့ကို စကားခဏခဏလာပြောတယ် နင်ကသူ့ကိုစကားမပြောတော့လို့တဲ့ "
" အင်း ငါသူ့ကိုမခင်ချင်တော့လို့ "
" ဘာလို့လဲ ပန်း "
" နင်မသိတဲ့ ကိစ္စတွေရှိတယ် နင်လည်းသူနဲ့စကားမပြောနဲ့တော့ "
ညှို့လည်း ပန်းကထိုသို့ဆိုလာတော့ ခေါင်းညိတ်လိုက်မိသည်
စွဲမက်ကတော့ Second sem တုန်းက သံယောဇဥ် သူမကိုပြောခဲ့တာ အခုထိမမေ့ပေ
" စွဲမက် "
" ပြောလေ ယောရဲ့ ဘာမို့လို့တကူးတကကြီး ကော်ဖီဆိုင်မှာချိန်းရတာလဲ "
" တို့ ညှို့ကို သဘောကျတယ် စွဲမက် "
" ဟင် "
" အံံ့သြသွားလားဟင် တို့တကယ်ပြောတာ စွဲမက်
တို့ကို ညှို့နဲ့မိတ်ဆက်ပေးကတည်းက တို့သဘောကျသွားတာ "" ညှို့ကို သဘောကျတာ ညှို့ကိုသွားပြောရမှာလေ စွဲမက်နဲ့မှမဆိုင်ဘဲ "
![](https://img.wattpad.com/cover/350847556-288-k266031.jpg)
ESTÁS LEYENDO
I adore you ( Complete )
Romanceဒီဇာတ်လမ်းထဲက " စွဲမက်သျှင် " ဆိုတဲ့နာမည်ကို သာသာ crd ပေးပါတယ်နော် " မင်းညှို့သျှင် " နာမည်နဲ့ လိုက်ဖက်မှုရှိအောင် ထည့်ထားတာမို့လို့ပါရှင့် ဒီ fic လေးက သူငယ်ချင်း ၂ယောက်ရဲ့ အကြောင်းကိုပဲ ဦးစားပေးရေးသားမှာပါနော်