" ညှို့လို့ အဲ့အရောင်ကြီး မကြိုက်ပါဘူးဆို "
" ပန်းရယ် မင်္ဂလာပွဲကို အနက်ရောင်ကြီးဝတ်လို့မှအဆင်မပြေတာ "
" ဒါပေမဲ့ ငါနဲ့အနက်ရောင်နဲ့က လှနေတာကို "
ကိုယ်ဝန်ကတစ်ဖြည်းဖြည်းရင့်လာလေ ပန်းကပိုပြီးဂျီကျလေလေပါပဲ
" လှပေမဲ့ အနက်ကြီးဝတ်ပြီး မင်္ဂလာပွဲတက်တာက ရိုင်းရာကျတာပေါ့ ပန်းနဲ့ကိုယ်နဲ့မင်္ဂလာဆောင်တုန်းက ကောင်မလေးတစ်ယောက်က အနက်ဝတ်လာတာ အဲ့တုန်းကပန်းမကြိုက်ဘူးမလား "
" အွန်း "
တစ်ဖြည်းဖြည်းသူ့အကွက်ထဲဝင်လာတဲ့ ပန်းကြောင့် သူ့မှာပြုံးမိရသေးသည်
" ဒါဆို ပန်းရောင်လေးပဲဝတ်နော် ပန်း "
" အွန်း
ညှို့ ငါနင့်အပေါ် အရမ်းဆိုးနေလားဟင် "" မဆိုးပါဘူးပန်းရဲ့ "
" ငါ့ကိုချစ်သေးလားဟင် "
" ပန်းကို ကိုယ်က သိပ် သိပ်ချစ်တာ "
" မင်္ဂလာပွဲကိုတောင်မသွားချင်တော့ဘူး ညှို့ကအရမ်းကြည့်ကောင်းပြီး ငါကဗိုက်ကြီးအရမ်းပူနေတာ "
" အမနှိုင်းမင်္ဂလာပွဲလေ ပန်းရဲ့ မသွားလို့မှမကောင်းဘဲ "
" အင်း ဒါကြောင့်လည်း သွားဖို့ပြင်နေရတာပေါ့ ညှို့အိမ်ရှေ့မှာစောင့်နေ ငါပြီးတာနဲ့ထွက်လာခဲ့မယ် "
" တစ်ယောက်တည်းရရဲ့လားဟင် ပန်း "
" ရပါတယ် ညှို့ရဲ့ "
" ဒါဆို ကိုယ်စိတ်ချမယ်နော် "
" အင်းလို့ "
ညှို့ထွက်သွားတာနဲ့စွဲမက်လည်း အလှဆုံးဖြစ်အောင်ပြင်ဆင်လိုက်တယ်
ဗိုက်က ၉လထဲရောက်ပြီဖြစ်တာကြောင့် သေချာဂရုစိုက်နေရသည်
ဒီမနက်ကတောင် ၃ချက် ၄ချက်လောက် ဗိုက်နာသွားသည် အခုတောင်နာချင်နေတဲ့ဗိုက်ကြောင့် ဗိုက်လေးကိုပွတ်ပြီး သားသားလေးကိုလိမ်လိမ်မာမာနေဖို့ပြောလိုက်ရသည်
စွဲမက်လည်း ကိုယ့်ကိုယ်ကိုယ်စိတ်တိုင်းကျပြီဆိုတာနဲ့ လိုအပ်တဲ့ပစ္စည်းများ ယူပြီးအခန်းထဲကနေထွက်လာခဲ့တယ်
![](https://img.wattpad.com/cover/350847556-288-k266031.jpg)
KAMU SEDANG MEMBACA
I adore you ( Complete )
Romansaဒီဇာတ်လမ်းထဲက " စွဲမက်သျှင် " ဆိုတဲ့နာမည်ကို သာသာ crd ပေးပါတယ်နော် " မင်းညှို့သျှင် " နာမည်နဲ့ လိုက်ဖက်မှုရှိအောင် ထည့်ထားတာမို့လို့ပါရှင့် ဒီ fic လေးက သူငယ်ချင်း ၂ယောက်ရဲ့ အကြောင်းကိုပဲ ဦးစားပေးရေးသားမှာပါနော်