အပိုင်း (၂.၂)

2.9K 339 5
                                    

 အပိုင်း (၂.၂)

“အဖေနဲ့ အမေ သမီးအထင်ကတော့ သမီးတို့တွေ ပြောင်းရွှေ့သင့်တယ်၊ ကပ်ဘေးက ထွက်ပြေးတယ်လို့ ပြောရင် ပိုမှန်မယ်”

ကျန်းယွင်ကျူး၏စကားများမှာ အံ့ဩစရာကောင်းနေလေသည်။

“ပြောင်းမယ် ဟုတ်လား၊ ဘယ်ကို ပြောင်းကြမှာလဲ”

အမျိုးသမီးချန်က အမှတ်တမဲ့ ငြင်းဆန်လိုက်၏။ သူမသည် အိမ်ရာပစ်သွားရသည့် နာကျင်မှုကို သိနေသည်။ ထိုအချိန်က သူမနှင့် အဖေအိုကြီးချန်တို့သည် ကျန်းနျိုရွာမှ ထွက်ပြေးလာခဲ့ရသည်။ နောက်ဆုံး သည်နေရာတွင် အခြေကျနေပြီးမှ သူမသည် သည်နေရာမှ ထွက်မသွားချင်တော့ပေ။

ကျန်းယွင်ကျူးက ကျန်းချိန်ဘက် လှည့်ကြည့်လိုက်၏။ သူက သူမကို ထောက်ခံလိမ့်မယ်လို့ ခံစားမိနေသည်။

အမှန်ပင်။ ကျန်းချိန်သည် အကြောင်းအရင်းကို နားလည်လေသည်။ သစ်ပင်တစ်ပင်ကို ရွှေ့စိုက်လျှင်တော့ သေသွားလိမ့်မည်။ လူတစ်ယောက်က ပြောင်းရွှေ့လျှင်တော့ အသက်ရှင်လိမ့်မည်။

သူက အမျိုးသမီးချန်ကို လေသံတိုးတိုးဖြင့် တိုင်ပင်ဆွေးနွေးလိုက်၏။ နောက်နှစ် မိုးထပ်ခေါင်ခဲ့ရင် သူတို့တွေ သေချာပေါက် သည်းခံနိုင်တော့မှာမဟုတ်ဘူး။ မိုးမခေါင်ဘူးဆိုရင်တောင် သူတို့ဘဝတွေက သေချာပေါက် လွယ်ကူလိမ့်မှာမဟုတ်ဘူး။

အခုပဲ ဆောင်းဦးရောက်နေပြီ။ ဒါပေမဲ့ မိုးရွာမဲ့အရိပ်အယောင် လုံးဝမရှိဘူး။ ကျန်းချိန်သည် နောက်နှစ် မိုးခေါင်နိုင်ခြေ အရမ်းများမှန်း ခံစားမိသွားတော့သည်။

အမျိုးသမီးချန်က စကားကို နားထောင်ကြည့်လေလေ သူမ၏မျက်လုံးများက နီရဲလာလေလေ ဖြစ်လာလေသည်။ ကျန်းချိန်၏စကားမှန်မှန်း သူမ သိလေသည်။

ညနေခင်းတွင် ကျန်းမိသားစုသည် ပြောင်းရွှေ့ကြမည့်ဟု ဆုံးဖြတ်လိုက်ကြတော့သည်။

“ သိမ်းဆည်းလိုက်ကြ၊ ဒီနှစ်ရက်အတွင်း ခရီးထွက်ကြမယ်” ကျန်းချိန်က ကြေညာလိုက်လေသည်။

“ ဒီနှစ်ရက်အတွင်း ဟုတ်လား”

ကျန်းယွင်ကျူးသည် ကျန်းချိန်က ဤမျှအလျင်လိုနေလိမ့်မည်ဟု ထင်မထားခဲ့ချေ။

ကြမ္မာဖလှယ်ပြီးလေသော် (ဘာသာပြန်)Where stories live. Discover now