အပိုင်း (၂၄)
ရှန်ဖုန်းမင်သည် အရပ်မြင့်မြင့် မားမားမတ်မတ် ပုံရိပ်တစ်ခုနှင့် ခံ့ညားသည့်မျက်နှာတစ်ခု ပိုင်ဆိုင်ထားသည်။ သူ့ပတ်ဝန်းကျင်တွင် ဖိနှိပ်ထားသည့် အရောင်အဝါတစ်ခု မသိမသာ ရှိနေသယောင် လူများက သူ့ကို အနီးကပ်မကြည့်ရဲအောင် ဖြစ်နေစေသည်။
ယန်ရှန့်သည်လည်း သူ့ထက် မနိမ့်ချေ။ သူ့မျက်လုံးများက မက်မွန်ပွင့်များလုံးထက် မသိမသာပိုရှည်လေသည်။ သူတို့သည် မျက်နှာသေနှင့် ရှိနေချိန်မှာပင် ဆွဲဆောင်မှုရှိနေလေသည်။
ရွှီချင်ရှန့်သည် သူတို့ကပ်ဘေးရှောင်လာသည့် လမ်းပေါ်က ဆိုင်လေးထဲတွင် တွေ့ခဲ့ရသည့် လူနှစ်ယောက်ကို မှတ်မိသွားပြီး အလွန်အံ့ဩသွားတော့သည်။ သူတို့တွေ ဒီကိုဘယ်လိုလုပ်ပြီး ရောက်လာတာလဲ။
သူတို့က ကျန်းယွင်ကျူးကို မြို့ထဲခေါ်သွားပေးမလို့တဲ့လား။ သူတို့နဲ့ ကျန်းယွင်ကျူးက....
“ ဒီနှစ်ယောက်က ဆန်းရောင်းဝယ်တဲ့ ကုန်သည်တွေလေ၊ ပြီးတော့ အိမ်မှာ ငှားနေကြတာ”
အမျိုးသမီးချန်က မြန်မြန်ရှင်းပြလိုက်၏။
အဲလိုဖြစ်နေတာကိုး။ ရွှီချင်ရှန့်သည် မနေ့က အမျိုးသမီးချန်က ကုယုံသယ်ဆီကို လာပြီး သူမ၏အိမ်တွင် ဆန်ကုန်သည်များရှိကြောင်း ပြောခဲ့သည်ကို သိထားလေသည်။ သူ ထင်မထားသည်က ထိုဆန်ကုန်သည်များမှာ သည်လူနှစ်ယောက်ဖြစ်နေသည်ကိုပင်။
ယန်ရှန့်က သူ့မြင်းပေါ်က ဆင်းလိုက်ပြီး ကျန်းယွင်ကျူးကို ကြည့်လိုက်၏။
“မိန်းကလေးကျန်း မြို့တက်မလို့လား”
ကျန်းယွင်ကျူးသည် မသွားပါဘူးဟု ပြောလိုက်ချင်လေသည်။ သူမ မသွားဘူးဆိုရင် ဟုတ်ပါပြီ။ ဒါပေမဲ့ သူမ မသွားရင် အလုပ်ကိစ္စကရော။ လူတစ်ယောက်က အလုပ်သစ်စလုပ်ရင် သိက္ခာကျရမှာ အကြောက်ဆုံးပဲလေ။
သူမက ‘အင်း’ ဟုဆိုကာ ခေါင်းညိတ်ပြလိုက်ရတော့သည်။
“ ကျွန်တော်တို့လည်း မြို့ထဲသွားမလို့ ၊ ကျွန်တော်တို့ မင်းကိုခေါ်သွားပေးမယ်လေ”
CZYTASZ
ကြမ္မာဖလှယ်ပြီးလေသော် (ဘာသာပြန်)
Romansကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ့ ကြုံကြိုက်လာတော့ အသက်ဆက်ရှန်သန်ဖို့အရေး သမီးတွေထဲက တစ်ယောက်ကို ရောင်းမှဖြစ်မယ့် အခြေအနေရောက်လာတော့တယ်။ ကျန်းယွင်ကျူးက တုတ်ချောင်းအတိုတစ်ခု...