အပိုင်း (၆၀)
သည်အခိုက်တန့်လေးတွင် အပြင်ဘက်က လူတစ်ယောက်က ရုတ်တရက်လှမ်းမေးလိုက်လေသည်။
“ မိန်းကလေးကျန်း ရှိပါသလား”
ရှဲ့ချန်၏အသံဖြစ်သည်။
သူဘာလို့ ဒီအချိန်ကြီး ရောက်လာတာလဲ။
“ဒီဘက်မှာရှင့်”
ကျန်းယွင်ကျူးက မုန့်ကို ချထားလိုက်ပြီး အရှေ့ဘက်ကို ထွက်လာခဲ့လိုက်သည်။
ရှဲ့ချန်သည့် အပြာရောင် အဝတ်အစားဟောင်းကိုသာ ဝတ်ထားဆဲ။ သူ့နောက်တွင် မျက်လုံးလှလှလေးတစ်စုံနှင့် ပတ်ဝန်းကျင်ကို သေသေချာချာကြည့်နေသည့် သေးသေးညက်ညက် မိန်းကလေးတစ်ယောက် ပါလားသည်။
ကျန်းယွင်ကျူးက စိတ်ထဲတွင် ခန့်မှန်းကြည့်လိုက်သည်။ သူမသည် ပေါင်ဖူလိုအကြောင်း စုံစမ်းရင်း ရောက်လက်စနှင့် ရှဲ့ချန်အကြောင်းကိုပါ စုံစမ်းခဲ့လေသည်။
သူအသက်သုံးနှစ်သားတွင် သူ့အမေက ညီမလေးတစ်ယောက် မွေးပေးခဲ့ပြီး တခြားတစ်ယောက်နှင့် လိုက်ပြေးသွားခဲ့သည်။ အဖေဖြစ်သူက မောင်နှမနှစ်ယောက်လုံးကို ဆူဆဲရိုက်နှက်ခဲ့သည်။ အိမ်နီးချင်းများက ဆက်ပြီး ကြည့်မနေနိုင်ကြတောပေ။ သူတို့က မကြာခဏဆိုသလို သူတို့ကို ကျွေးမွေးခဲ့ကြသည်။ ထိုအခါမှ သူတို့သည် တဖြည်းဖြည်း ကြီးထွားလာခဲ့ကြသည်။
ရှဲ့ချန်သည် ချောမောသည့်ရုပ်သွင် ရှိသော်လည်း နေ့တိုင်း မျက်မှောင်ကျုံ့ထားပြီး စိတ်ဖိစီးနေသည်မှာ အဆန်း မဟုတ်တော့ပေ။
ရှဲ့ချန်က သူ့ညီမလေးကို ဆိုင်တွင် အလုပ်လုပ်ခိုင်းဖို့ တွေဝေနေသည့်အကြောင်းအရင်းကိုလည်း သူမ နားလည်လေသည်။ သူက သူ့ညီမလေးကို အဲအိမ်ကနေ ထွက်လာစေချင်တာလေ။ ဒါပေမဲ့ သူမက အလုပ်ပင်ပင်ပန်းပန်း လုပ်ရမှာလည်း စိုးရိမ်နေတာ။ နောက်ဆုံး သူ့အစီအစဥ်က ၄လပိုင်းကျရင် သူ့ညီမလေးကိုလည်း သူနဲ့အတူတူ မြို့တော်ကို ခေါ်သွားမှာကိုး။
“ယွင်ရွှယ် အနောက်မှ မုန့်တစ်ပန်းကန် သွားယူလာခဲ့နော်” ကျန်းယွင်ကျူးက ကျန်းယွင်ရွှယ်ကို ခိုင်းလိုက်သည်။
VOUS LISEZ
ကြမ္မာဖလှယ်ပြီးလေသော် (ဘာသာပြန်)
Roman d'amourကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ့ ကြုံကြိုက်လာတော့ အသက်ဆက်ရှန်သန်ဖို့အရေး သမီးတွေထဲက တစ်ယောက်ကို ရောင်းမှဖြစ်မယ့် အခြေအနေရောက်လာတော့တယ်။ ကျန်းယွင်ကျူးက တုတ်ချောင်းအတိုတစ်ခု...