အပိုင်း (၈၃)

464 89 0
                                    

အပိုင်း (၈၃)

ထိုနေ့ကစပြီး ကျန်းယွင်ရှို့သည် ကျန်းယွင်ကျူးနှင့် ရှန်ဖုန်းမင်တို့ကို ဆက်တိုက် စောင့်ကြည့်နေတော့သည်။ သူမသာ သူတို့ကို ဖမ်းမိခဲ့လျှင် ပြဿနာရှာနိုင်မည်ဟု သူမက စဥ်းစားထားလေသည်။

ကျန်းယွင်ရှို့သည် ထျန်ယင်းအကြောင်း  ရုတ်တရက်တွေးမိသွားပြီး တုန်ယင်သွားတော့သည်။ သို့သော် သည်ကိစ္စနှင့် ပတ်သက်ပြီး သူမကို အပြစ်ပြောလို့မရနိုင်ဟု ကိုယ့်ဟာကို ချက်ချင်း နှစ်သိမ့်လိုက် တော့သည်။ ထျန်ယင်းသာ  အဲလိုမလုပ်ခဲ့လျှင် သူမက သူတို့ကို အိပ်ရာပေါ်မှာ ဘယ်ဖမ်းမိခဲ့မှာလဲ။ အပြစ်တင်ချင်ရင်တော့ ကိုယ့်ဟာကိုပဲ အပြစ်တင်တော့ပေါ့။

ကျန်းယွင်ကျူးကတော့ သူမ ဘာစဥ်းစားနေသည်ကို မသိပေ။ သူမက ဆံပင်ကို ဖြန့်ချလိုက်ပြီး အိပ်ရာပေါ်လှဲချလိုက်ကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတော့သည်။

သည်အခိုက်တွင် လီဟယ်က တံခါးလာခေါက်လေသည်။ ချင်ကျန့် ရောက်လာပြီး သူမနှင့် တွေ့ချင်သည်ဟု ဆိုသည်။

ကျန်းယွင်ကျူးက သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်လိုက်ပြီး ချင်ကျန့်ကို တွေ့ဖို့ ထွက်သွားလိုက်၏။

“မိန်းကလေးကျန်း ကျုပ်တကယ် တောင်းပန်ပါတယ်ဗျာ”

ချင်ကျန့်က သူတို့တွေ့တွေ့ချင်း  အထပ်ထပ် တောင်းပန်တော့သည်။

“ဘာဖြစ်လို့လဲရှင့်”

ကျန်းယွင်ကျူးသည် အခုတော့ အင်အားပြန်ပြည့်လာသဖြင့် ရှေ့ကဖြစ်ခဲ့သည်များကို စတင် မေးခွန်းထုတ်တော့သည်။

ချင်ကျန့်သည် လင်ထင်အန်းက ကျန်းယွင်ကျူးကို မည်သို့ သိသွားမှန်း မသိခဲ့ပေ။ သူသည် သည်အကြောင်းကို မည်သူ့ကိုမှလည်း မပြောပြခဲ့ပေ။ ကျန်းယွင်ကျူး၏ ၅ရာခိုင်နှုန်းသော ဝေစုကိုပင် သူ့နာမည်နှင့်သာ ထားကြောင်း အမြဲပြောခဲ့လေသည်။

ကျန်းယွင်ကျူးကတော့ လင်ထင်အန်း သူမအား သိနေခြင်းကို မအံ့ဩပေ။ ဒါပေမဲ့ သူက ဘာလို့ ချင်ကျန့်နဲ့ သူမကို ဖိတ်ခိုင်းခဲ့တာလဲ။ သူမ အကျိုးအတွက်လား။ ဒါပေမဲ့ သူက အဲဒီအကြောင်းကို လုံးဝထုတ်မပြောခဲ့ပါဘူး။

ကြမ္မာဖလှယ်ပြီးလေသော် (ဘာသာပြန်)Where stories live. Discover now