အပိုင်း (၆၆) (ခ)

1.2K 145 2
                                    

အပိုင်း (၆၆) (ခ)

သူ့နှုတ်ဆိတ်နေမှုက ကောင်းရွှင်ကို အားတက်လာစေတော့သည်။ သူက ကျန်းယွင်ကျူးကို ဝင့်ကြွားစွာ ကြည့်လိုက်လေသည်။  မျှော်လင့်မထားဘဲ ပွဲက အလှည့်အပြောင်း ဖြစ်သွားခဲ့သည်။ သူတို့သည်  ချက်ချင်း အလွန်ပျော်သွားကြလေသည်။

မဲပေးဖို့ အချိန်နီးကပ်လာသော်လည်း စင်ပေါ်တွင် ရုတ်တရက် ငြိမ်သက်သွားတော့သည်။ စင်အောက်ကလူများက ဆူညံလာခဲ့သည်။

“ မဲပေးပါတော့၊ ကျုပ် ဗိုက်ဆာလို့ သေတော့မယ်၊ မဲပေးပြီးရင် ချီရှန်းကျွီ တံခါးကို မြန်မြန်ဖွင့်ပေးပါဗျို့၊ ကျုပ် စားချင်လှပြီ”

ဒါသည် ဘာမှမသိသူတစ်ယောက်က ပြောလိုက်ခြင်းပင်။

“အန်းဖင်နယ်စားက အဲလောက် ကြီးကျယ်တာလား၊ သူက တစ်ဖက်လူလောက်တောင် မကောင်းတာ သိသာနေတာပဲ”

တစ်စုံတစ်ယောက်က ကောင်းရွှင်၏အဓိပ္ပာယ်ကို နားလည်သွားပြီး လေသံတိုးတိုးဖြင့် ရွေရွတ်ကာ ကျန်းယွင်ကျူးအတွက် ခုခံပေးလေသည်။

“ ဒါပေါ့ အန်းဖင်နယ်စားက ကြီးကျယ်တာပေါ့”

လူတချို့က သက်ပြင်းချလိုက်ကြပြီး သည်ပြိုင်ပွဲ အဓိပ္ပာယ်မဲ့သွားပြီဟု ခံစားမိလိုက်ကြသည်။ သည်လိုလောကကြီးတွင်  လူချမ်းသာများက သူတို့ ကြိုက်ရာလုပ်ကြပြီး လူဆင်းရဲများက သူတို့အင်အားသည့် အားလုံးထက် သာလွန်နေလျှင်တောင် နောက်ဆုံးတွင် ဝမ်းနည်စွာ အဆုံးသတ်ရလေသည်။

...

အားလုံးက ထိုအကြောင်း ပြောနေကြသော်လည်း ရွှယ်ကျင်းနှင့် တခြားသူများက တရားနည်းလမ်းကျကျ ဒေါသထွက်နေတော့သည်။ ဒီလူတွေ ဘာလုပ်နေကြတာလဲ။ ကျန်းယွင်ကျူး နိုင်သွားတာကို အားလုံးမြင်ရဲ့သားနဲ့။ သူတို့တွေက ကောင်းရွှင်ကို မျက်နှာလုပ်ဖို့ အားပေးနေကြတာလား။ ဒီလိုတော့ ဆက်မသွားနိုင်တော့ဘူး။

ရှဲ့လျန်က စိုးရိမ်တကြီနှင့် ရှဲ့ချန်၏လက်ကို ကိုင်ထားလေသည်။

ရှဲ့ချန်၏ နည်းငယ် တွန့်ချိုးပြီးသား မျက်ခုံးများသည် ပိုလို့ပင် တင်းမာသွားတော့သည်။

ကြမ္မာဖလှယ်ပြီးလေသော် (ဘာသာပြန်)Where stories live. Discover now