အပိုင်း (၁၄)
ဒုတိယနေ့ မနက် ၇နာရီတွင် ဒုစစ်သူကြီးကျောက်က စစ်သားနှစ်ယောက်ကို ဦးဆောင်က အလျင်မလိုဘဲ မိုင်းတူးသည့် တောင်ပေါ်က ဆင်းလားခဲ့လေသည်။
“ ဧည့်သည်ကြီး ကျွန်မ ဒီနေ့ သိုးလျှာ လုပ်လာခဲ့တယ်၊ တစ်ပွဲလောက် လာစားပါအုံး”
အမျိုးသမီးဆွန်းက ပြုံးကာ နှုတ်ဆက်လိုက်၏။ သူမ၏အတွေးအရ ဒုစစ်သူကြီးကျောက်သည် မနေ့က သိုးလျှာ လာမစားခဲ့သဖြင့် သည်နေ့တော့ လာစားလိမ့်မည်ဟု တွေးထားလေသည်။
ဒုစစ်သူကြီးကျောက်က မျက်မှောင်ကျုံ့လိုက်၏။ သူ မနေ့မနက်က အသားပန်ကိတ်တွေ အများကြီး စားခဲ့ပြီး ညနေကျတော့လည်း သူ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ အရက်တွေ အများကြီး သောက်ခဲ့တယ်။ သူ အခုလောလောဆယ် အစားစားချင်စိတ် ဖြစ်မနေဘူး။
“ လာထိုင်ပါအုံး၊ ရှင် ကျွန်မတို့ရဲ့ သိုးသားစွပ်ပြုတ် လာမစားတာ ရက်တော်တော်ကြာသွားပြီလေ၊ ကျွန်မတို့ရဲ့ စီးပွားရေးသေးသေးလေးကလည်း လွယ်တာ မဟုတ်ဘူးရှင့်”
အမျိုးသမီးကျောက်က သူတို့သုံးယောက်ကို ဆိုင်အတွင်းသို့ ဖိတ်ခေါ်လိုက်လေသည်။
သူမက အလွန်မှ စိတ်အားထက်သန်နေပြီး သူကလည်း တော်တော်ကြာအောင် သိုးလျှာ မစားရသည်ဖြစ်ရာ ဒုစစ်သူကြီးကျောက်က နှစ်လှမ်းခန့် လျှောက်သွားလိုက်သည်။
သည်အခိုက်မှာပင် သူ့နောက်က မျက်နှာရှည်ရှည်နှင့် စစ်သားက ရုတ်တရက် ထပြောလိုက်လေသည်။
“ ဟာ ဟိုအမျိုးသမီးလေး မိသားစုက တကယ်တော့ ဒီနေ့ ဆန်ပြုတ်လုပ်ထားတာပဲ”
အမျိုးသမီးဆွန်းသည် ထိုစကားကို ကြားလိုက်ရချိန်တွင် ထိုစစ်သား၏ပါးစပ်ကို အပ်ဖြင့် ချုပ်လိုက်ချင်စိတ် ပေါက်သွားတော့သည်။
ထိုစစ်သားကလည်း အမှတ်မထင်တွေ့လိုက်ပြီး သာမန်ကာလျှံကာ ပြောပြလိုက်ခြင်းပင်။
ဒုစစ်သူကြီးကျောက်က အံ့ဩသွား၏။ ဆန်ပြုတ်တဲ့လား။ ဘာဆန်ပြုတ်လဲ။
သူက ခေါင်းကိုလှည့်လိုက်ကာ လှမ်းကြည့်လိုက်လေသည်။ ထိုမြေအိုးကြီးက သူ့မြင်ကွင်းထဲ ဝင်လာသည်။ သို့သော် သည်နေ့တွင် မြေအိုးထဲက ဟင်းရည်မှာ အသားမဟုတ်ဘဲ ဆန်ပြုတ်အိုးဖြစ်နေတော့သည်။
DU LIEST GERADE
ကြမ္မာဖလှယ်ပြီးလေသော် (ဘာသာပြန်)
Romantikကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ့ ကြုံကြိုက်လာတော့ အသက်ဆက်ရှန်သန်ဖို့အရေး သမီးတွေထဲက တစ်ယောက်ကို ရောင်းမှဖြစ်မယ့် အခြေအနေရောက်လာတော့တယ်။ ကျန်းယွင်ကျူးက တုတ်ချောင်းအတိုတစ်ခု...