အပိုင်း (၄၀)
“မိန်းကလေးကျန်း”
ယန်ရှန့်နှင့် ရှန်ဖုန်းမင်တို့သည် ဘေးအခန်းမှ ထွက်လာကြလေသည်။
ကျန်းယွင်ကျူးက လက်ရှိတွင် စိတ်အခြေအနေ ကောင်းမွန်နေ၏။ သူမက သူတို့ကို လှည့်ပြုံးပြလိုက်သည်။ သူမ၏မျက်လုံးများသည် တောက်ပနေသည့်ရေလို စီးဆင်းနေ၏။ လူများကို ထိုင်းမှိုင်းစေသည့် ဆောင်တွင်းကာလအတွင်းတွင် ယစ်မူးသွားစေတော့သည်။
ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့သည် အေးခဲသွားကြတော့သည်။ ထို့နောက်တွင် ယန်ရှန့်က အရင်ဆုံး သတိဝင်လာပြီး မေးလိုက်လေသည်။
“ဒီလားက”
“ ကျွန်တော်တို့ လတ်တလောကမှ ဝယ်ထားခဲ့တာလေ၊ အမလေးဗျာ တကယ်မလွယ်ပါဘူး”
ကျန်းချိန်က တစ်ယောက်ယောက်နှင့် ထိုအကြောင်းကို စကားပြောချင်နေခဲ့သည်။ ထို့ကြောင့် ယန်ရှန့်က မေးလာချိန်တွင် သူက စပြီး စကားဖောင်ဖွဲ့တော့သည်။
ယန်ရှန့်က နားထောင်လိုက်ပြီး တစ်ခါတလေ ကျန်းချိန်စကားကို သံယောင်လိုက်ပေးသည်။ ထူးထူးခြားခြားတော့ မရှိပေ။
ထို့နောက်တွင် ကျန်းယွင်ကျူးက သူ့ကို ကြည့်လိုက်ပြီး ရှန်ဖုန်းမင်က အနည်းငယ် မျက်မှောင်ကျုံ့ထားသည်။ သူမ ဒီအကြောင်းကို အရင်က အများကြီး မတွေးခဲ့ဖူးဘူး။ ဒါပေမဲ့ ကျန်းချိန် ဒီအကြောင်း ပြောနေတာကို ကြားပြီး သူမရှေ့က ဒီလူနှစ်ယောက်ကို တွေ့လိုက်မှ ထူးဆန်းတဲ့အချက်တွေ အများကြီးကို ပြန်စဥ်းစားမိခဲ့တယ်။
တစ်နေ့ထဲမှာ ရုံးတော်က သံသယရှိသူနှစ်ယောက်ကို ဖမ်းပြီး ငွေကိုလည်း သူတို့ကို ပြန်ပေးခဲ့တယ်တဲ့လား။
သူမရဲ့အိပ်မက်ထဲမှာ သူမက ရှတိုင်းပြည်ကြီးမှာ ခုနှစ်နှစ်လောက်နေခဲ့တာပဲ။ ဒီလိုတော်တဲ့အရာရှိမျိုး တစ်ခါမှမတွေ့ခဲ့ဖူးဘူး။
အဲဒါထက် ဒီအကြောင်းကို သေချာစဥ်းစားကြည့်လိုက်ရင် အဓိပ္ပာယ်ရှိမနေဘူး။ အမှုရဲ့ အဓိကတရားခံကို အခုထိ မဖမ်းမိသေးဘူးလေ။ ဒီတော့ အမှုက မပိတ်ရသေးဘူး။ ဒီညစ်ပတ်တဲ့ငွေတွေက....
KAMU SEDANG MEMBACA
ကြမ္မာဖလှယ်ပြီးလေသော် (ဘာသာပြန်)
Romansaကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ့ ကြုံကြိုက်လာတော့ အသက်ဆက်ရှန်သန်ဖို့အရေး သမီးတွေထဲက တစ်ယောက်ကို ရောင်းမှဖြစ်မယ့် အခြေအနေရောက်လာတော့တယ်။ ကျန်းယွင်ကျူးက တုတ်ချောင်းအတိုတစ်ခု...