အခန်း (၃၈.၂)

1.4K 184 1
                                    

အခန်း (၃၈.၂)

နောက်တစ်နေ့တွင် ကျန်းချိန်နှင့် ကုယုံသယ်တို့သည် လားကိုပြန်ပေးရန် စီရင်စုမြို့သို့ အတူတူ တက်လာခဲ့ကြတော့သည်။ ကျန်းယွင်ကျူးက လိုက်ခဲ့ချင်သော်လည်း ကျန်းချိန်က သဘောမတူချေ။ ဝေ့ခမ်းဖျင်လိုလူကြောင့် ကျန်းယွင်ကျူးသည်  မိန်းကလေးတစ်ယောက်အနေဖြင့် နစ်နာမှာကို စိုးရိမ်ခဲ့လေသည်။

ကျန်းယွင်ကျူးကလည်း အတင်းမပြောတော့ချေ။

ကျန်းချိန်နှင့် ကုယုံသယ်တို့သည် လားနှင့် စီရင်စုမြို့ထဲ ဝင်လာသည်နှင့် လူတစ်ယောက်က တွေ့သွားတော့သည်။ ထိုလူက နောက်လူတစ်ယောက်ကို မေးလိုက်သည်။

“ အဲဒါ ငါတို့မိသားစုရဲ့လား မဟုတ်လား”

တခြားတစ်ယောက်က ပြန်ပြေလိုက်သည်။

“ ငါ သေချာတွေ့လိုက်တယ်၊ ငါတို့မိသားစုရဲ့ဟာပဲ၊ မင်း အဲဒီနှစ်ယောက်ကို သေချာစောင့်ကြည့်ထား၊ ငါ ပြန်သွားပြီး လူသွားခေါ်လာခဲ့မယ်”

“ကောင်းပြီ”

စီရင်စုမြို့က စည်ကားလျက်ပင်။ ကျန်းချိန်သည် ဝေ့ခမ်းဖျင် နေသည့်နေရာကို မသိပေ။ သူသည် အမျိုးသမီးလျို၏လိပ်စာကိုသာ သိလေသည်။ စဥ်းစားမနေတော့ဘဲ အမျိုးသမီးလျိုဆီသွားဖို့ ဆုံးဖြတ်လိုက်တော့သည်။

နှစ်လမ်းသာ ကျော်လာရသေးသည် ၅-၆ယောက်လောက်ရှိသည့် ယောကျ်ားများက ရုတ်တရက် ထွက်လာလေသည်။ ခေါင်းဆောင်မှာ မုတ်ဆိတ်မွေးနှင့်ယောက်ျားတစ်ယောက် ဖြစ်သည်။ အရပ်မြင့်မြင့်၊ သန်မာပြီး မျက်နှာပေါ်တွင် ကြောက်စရာကောင်းသည့်အကြည့်တစ်ခု ရှိနေသည်။

ကုယုံသယ်မှာ ထိုအရာကို မြင်လိုက်ရချိန်တွင် စိတ်များ တင်းကြပ်လာတော့သည်။ သူက ကျန်းချိန်ကို ဘေးသို့ဆွဲကာ ရှောင်ပေးလိုက်သည်။ သူတို့သည် သူလူများနှင့် ပြဿနာဖြစ်ဖို့ မတတ်နိုင်ပေ။

ကျန်းချိန်က နားလည်သွားပြီး ဘေးသို့ ရှောင်ပေးလိုက်သည်။

ထိုလူများက သူတို့ထံ တန်းတန်းမတ်မတ်လာလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

ကြမ္မာဖလှယ်ပြီးလေသော် (ဘာသာပြန်)Where stories live. Discover now