ချစ်မေတ္တာတည်သောနှလုံးသားငယ်(partB)

341 17 0
                                    

''tonyနွားနို့ရပြီး.. ''ထွဋ်တစ်ယောက်computerနဲ့စာရင်းတွေစစ်နေချိန်noraအခန်းထဲ၀င်လာပြီးသူ့အားနို့လာပို့ပေးလေသည်။

''အင်းထားခဲ့nora...''သူမကိုထားခဲ့ဟုပြောပေမယ့်သူမကနွားနို့ခွက်ကိုစားပွဲပေါ်တင်ပြီးမသွားသေးတာကြောင့်ထွဋ်သူမကိုစာရင်းလုပ်နေရင်းမော့ကြည့်လိုက်သည်။

''Noraငါ့ကိုပြောစရာရှိလို့လား..''ထွဋ်ကမေးလိုက်လေသည်။

noraသူမပြောချင်သောစကားကိုပြောဖို့ခက်ခဲနေဟန်ပင်...

''ဘာပြောချင်လို့လဲပြောလေ..''

''tonyငါတို့အတူနေလာတာ၆နှစ်ရှိပြီးနော်..''

''အင်းဘာဖြစ်လို့လဲ..''စာရင်းလုပ်နေရင်းမေးလိုက်သည်။

''ငါတို့ဒီအတိုင်းဘဲနေသွားတော့မှာလားtony''

ထွဋ်သူမဘာကိုဆိုလိုတာလဲတန်းသိသွားလေသည်။

''ငါတို့အတူရှိနေတာဘဲလေnora..''

''ဒါမယ့်ငါတို့ကတရား၀င်မှမဟုတ်တာ..''သူမဆိုလိုသည်ကလက်ထပ်ပြီးတရား၀င်လင်မယားအဖြစ်အတူနေထိုင်လိုသည်ကိုပင်

''ငါနင့်ကိုသူငယ်ချင်းထက်ပိုတဲ့စိတ်ခံစားချက်မရှိတာကိုတော့စိတ်မကောင်းပါဘူး..ငါနင့်ကိုမချစ်ဘူးnora...''ထွဋ်ဆီကသူမငြင်းစကားကြားရတာကြောင့်သူမမျက်နှာပျက်သွားလေသည်။

သမီးလေးအတွက်မိခင်ကောင်းတစ်ယောက်ဖြစ်နိုင်သလိုဇနီးကောင်းတစ်ယောက်လည်းဖြစ်နိုင်သောသူမကိုထွဋ်ငြင်းတာဟာနည်းနည်းများလွန်လေမလား..လွန်ပါတယ်လေ..သူမကထွဋ်အပေါ်မှာအစကတည်းကခံစားချက်ရှိနေခဲ့တာထွဋ်ဘက်ကတော့သူငယ်ချင်းထက်မပိုတော့သူမအတွက်ရှေ့ဆက်ဖို့ခက်ခဲနေလေသည်။

ထွဋ်ကွန်ပြူတာပေါ်မှာရွေ့လျားနေသောသူ၏လက်ချောင်းများက်ုရပ်တန့်ကာ''Noraနင့်ငါ့အပေါ်မှာခံစားချက်ရှိတယ်ဆိုတာငါသိတယ်ဒါပေမယ့်အချစ်မပါတဲ့တစ်ဖက်သပ်ခံစားချက်နဲ့အိမ်ထောင်ရေးကိုငါမလိုလားဘူး.မဖြစ်စေချင်ဘူး...နင်ကငါ့အတွက်အကောင်းဆုံးသူငယ်ချင်းတစ်ယောက်ပါဘဲnora...''

''ငါနားလည်ပါပြီး..tony...နင့်ဘေးနားမှာရှိနေရရုံနဲ့ဘဲငါကျေနပ်ပါပြီး....''

ချစ်မေတ္တာတည်သောနှလုံးသားငယ်(or)ချစ်ရပ်၀န်းလေးထဲခိုနားခွင့်လေးပေးပါWhere stories live. Discover now