ချစ်မေတ္တာတည်သောနှလုံးသားငယ်(partR)

216 10 0
                                    

ဒီနေ့မနက်ထွဋ်အစောကြီးထကာဦးငယ်၊သူမနဲ့သမီးလေးအတွက်မနက်စာပြင်ဆင်ပေးပြီးနောက်ကိန်းနဲ့အတူမမတို့နေခဲ့တဲ့တိုက်ခန်းဆီကိုရောက်လာခဲ့လေသည်။

''ကိန်းငါ့မမတို့အခန်းထဲမှာသက်သေရှာကြည့်မယ်...မင်းကအပြင်ဘက်မှာရှာပေး''

''ရတယ်..''ထွဋ်တို့လူခွဲကာသက်သေရလိုရငှားရှာကြည့်ကြလေသည်။

၃နာရီလောက်ကြာသွားခဲ့ပြီးဘာမှရှာမတွေ့ခဲ့ပေ။

''တိုနီငါအပြင်မှာရှာပြီးပြီးဘာမှမတွေ့ခဲ့ဘူး...''

တိုနီကတော့အခန်းထဲမှာမွှေနောက်နေတုန်းပင်...အန်ဆွဲတစ်ခုကိုဆွဲဖွင့်လိုက်တော့CDချပ်တွေနဲ့ဂိမ်းစက်ကိုတွေ့ရလေသည်။ထွဋ်မကျေနပ်သေးပေ။ထပ်ရှာကြည့်တော့ဂိမ်းစက်ထဲကိုထွဋ်ပစ်ချလိုက်လို့ပြုတ်ကျခဲ့သောသော့သေးသေးတစ်ချောင်းအားတွေ့ရလေသည်။

''တိုနီဒီမှာသော့တစ်ချောင်း...''

ထွဋ်ထိုသော့ကိုသေချာစူးစိုက်ကြည့်လိုက်တော့''ဒါမီးခံသေတ္တာသော့ဘဲ...မီးခံသေတ္တာ..မီးခံသေတ္တာဘယ်နားမှာလဲ...''

ထွဋ်လိုက်ရှာနေရင်းကုတင်အောက်ကိုအကြည့်ရောက်သွားလေသည်။
''ကိန်းဒီကုတင်ကိုဘေးဘက်တွန်းထုတ်လိုက်...''

''အေး..''ထွဋ်နဲ့ကိန်း၂ယောက်သားအားနဲ့ကုတင်ကိုဘေးဘက်သို့တွန်းထုတ်လိုက်လေသည်။

ကုတင်အောက်တွင်တံခါးတစ်ချပ်ကိုတွေ့ရလေသည်။

ထွဋ်ထိုတံခါးကိုတံတုတ်ကောက်နဲ့ရိုက်ဖွင့်ပြီးအထဲမှသေတ္တာကို၂ယောက်သားမယူလိုက်သည်။

''တိုနီသေတ္တာတော့ရပြီးဖွင့်ကြည့်ရအောင်..''ထွဋ်သေတ္တာသော့ကိုရိုက်ဖွင့်လိုက်တော့အထဲမှာမီးခံသေတ္တာရှိနေတာကိုတွေ့ရလေသည်။

''ကိန်းမီးခံသေတ္တာဆိုတာဒီဟာဘဲ..''

''ဟူတ်လားအရင်ဆွဲထုတ်ရအောင်...''ကိန်းနဲ့ထွဋ်လေးလံလှသောမီးခံသေတ္တာကို၂ယောက်သားအားကုန်မပြီးသေတ္တာထဲမှထုတ်ကြလေသည်။

မီခံသေတ္တာဟာအသေးပါဘဲအထဲကပစ္စည်းကအတော်လေးတန်ဖိုးကြီးမှာဘဲ

ချစ်မေတ္တာတည်သောနှလုံးသားငယ်(or)ချစ်ရပ်၀န်းလေးထဲခိုနားခွင့်လေးပေးပါWhere stories live. Discover now