နှလုံးသား၏အမိန့်တော်(part20)

158 7 0
                                    

ကုတင်ထက်၀ယ်လဲလျောင်းအိပ်စက်နေသောတိုက်အားကြည့်ကာကိန်းမျက်ရည်ကျနေမိသည်။

''တိုက်ငါတောင်းပန်ပါတယ်ဟာ..ငါကြောင့်ပါငါသာမင်းကိုတားခဲ့ရင်အခုလိုဖြစ်မှာမဟုတ်ဘူးး...''

''ကိန်းမင်းကြောင့်မဟူတ်ဘူး..ကံတရားကြောင့်ပါကံတရားကိုဘဲအပြစ်တင်လိုက်ပါကိန်း...တိုက်အခုလိုအသက်ရှင်ခွင့်ရတာကံတရားကိုဘဲအပြစ်တင်လိူက်ပါတော့ကွာ..''liamလဲစိတ်မကောင်းဖြစ်မိသည်။တိုက်ဆောင်သူ့အတွက်ညီအကိုလိုချစ်ရသောသူပင်...တိုက်အခုလိုဖြစ်တာliamရင်ကွဲမတတ်ခံစားရသည်။

''မောင်...''

''ပြောလေထိပ်ထား...''

''တိုက်ဆောင်အဆင်ပြေသွားမှာပါ...''မျက်ရည်ကျနေသောမောင့်အားဖက်ကာအားပေးစကားပြောလေသည်။

''ဒါပေမယ့်သူအသက်ရှင်မယ်ဆိုရင်တောင်၆လဘဲသူလူ့လောကမှာနေခွင့်ရတော့မှာလေထိပ်ထား...''

ထိပ်ထားလည်းမျက်ရည်ကျမိသည်။ဒီလိုငယ်ရွယ်ပြီးအောင်မြင်နေတဲ့သူတစ်ယောက်လောကကြီးကထွက်ခွာသွားမှာကိုမလိုလားပေ၊ကံတရားကရက်စက်လွန်းသည်။
ချစ်ရသောမိတ်ဆွေတွေကိုခွဲခွာချင်နေခဲ့တာလား...

''ရေ..ရေပေးပါ...''

''ဟင်!!တိုက်သတိရလာပြီး..''

''ရေ..''

''ရေရမယ်..''

ကိန်းဘေးနားကရေခွက်ထဲကိုရေထည့်ပြီးပိုက်ဖြင့်ပါးစပ်နားကိုတေ့ကသောက်စေလေသည်။

''ကိန်း...''

''ပြောလေတိုက်ကိုရှိတယ်...''

''ကျနော့်တကိုယ်လုံးနာကျင်နေတာဘဲကိန်းရာ''ကိန်းအားငြီးတွားသလိုပြောနေသောတိုက်အားမျက်ရည်များကြားထိန်းထားရင်း''ဘာမှမဖြစ်ဘူးနော်တိုက်အဆင်ပြေသွားမယ်...''

''ကျနော်ကိုယ်အတွင်းပိုင်းကအတော်နာကျင်တာဘဲကိန်း..ကျနော်အရမ်းခံရခက်တယ်...''

''တိုက်ရာ..''ကိန်းမခံစားနိုင်တော့ဘဲငိုကြွေးတော့သည်။

''တိုက်ငါရှိတယ်မင်းဘာမှမဖြစ်ဘူးနော်...မင်းအဆင်ပြေသွားမယ်ငါဆရာ၀န်ကိုသွားခေါ်ပေးမယ်...''

ချစ်မေတ္တာတည်သောနှလုံးသားငယ်(or)ချစ်ရပ်၀န်းလေးထဲခိုနားခွင့်လေးပေးပါWhere stories live. Discover now