နှလုံးသား၏အမိန့်တော်(part5)

177 10 0
                                    

နာရီပိုင်းခန့်ကြာသော်မောင်နိုးလာခဲ့လေသည်။

''အားကျွတ်..ကျွတ်...''

ထားခနမှိန်းနေရင်းမောင့်ရဲ့ငြီးသံကြောင့်မောင့်လဲလျောင်းနေသောကုတင်ဆီသို့အကြည့်ရောက်သွားခဲ့သည်။

မောင်ဟာခေါင်းကိုညာလက်နဲ့ဖိရင်းငြီးနေလေသည်။

ထားမောင်ရှိရာသို့သွားကာမောင့်လက်လေးအားလှမ်းကိုင်လိုက်သည်။

''မောင်ဘာဖြစ်လို့လဲခေါင်းကိုက်နေသေးလား''

''ကျနော်ခေါင်းဘာလို့ဒီလောက်ထိထိုးကိုက်နေရတာလဲ...''

''ဆရာ၀န်ပြောတယ်မောင့်ခေါင်းမှာအကြိတ်တည်နေတာတွေ့တယ်တဲ့...မောင်အဲလိုဖြစ်တာကြာနေပြီးဆိုဘာလို့မကုသဘဲဒီတိုင်းထားထားရတာလဲ...''

''ကျနော့်ခေါင်းမှာအကြိတ်ရှိတယ်..''liamမယုံကြည်နိုင်စွာပင်သူမအားမေးလိုက်သည်။

''ဟုတ်တယ်မောင့်ခေါင်းထဲမှာအကြိတ်ဖြစ်နေတာကြာပြီးလို့ဆရာ၀န်ကပြောတယ်..မောင်ခေါင်းခနခနကိုက်တာတွေဖြစ်ဖူးလား''

''ဟုတ်ကျနော်ခနခနခေါင်းကိုက်တာဖြစ်ဖူးတယ်...''

''ခေါင်းခနခနကိုက်တာကိုဘာလို့ဆေးမကုဘဲဒီတိုင်းထားထားရတာလဲ..မောင့်သာအစောပြီးဆရာ၀န်ကိုလာပြရင်မောင်အသက်အန္တရာယ်နဲ့တောင်ရင်ဆိုင်ရမှာမဟုတ်ဘူး..မောင်သိလားဆရာ၀န်ကပြောတယ်မောင့်အကြိတ်ကိုခွဲစိတ်ရင်အောင်မြင်ဖို့ကရာခိုင်နှုန်းနည်းတယ်တဲ့...မောင့်ကိုပြန်တွေ့ခဲ့ရတဲ့ထိပ်ထားရင်ထဲမှာပျော်မလို့သာရှိသေးမောင့်သတင်းဆိုးကြီးကထိပ်ထားရဲ့ပျော်ရွှင်မှုကိုဖျက်ဆီးလိုက်တာဘဲမောင်...''ထိပ်ထားဟာပြောရင်းမောင့်ရင်ခွင်ထဲ၀င်ကာငိုချတော့သည်။

liamသူမရဲ့ငိုသံနဲ့မျက်ရည်များကိုမြင်တွေ့ကြားသိရတာကြောင့်ဘယ်ဘက်ရင်အုံကအောင့်မျက်ကာနာကျင်လာရသည်။

ဘာကြောင့်လဲဒီမိန်းကလေးငိုတာနဲ့ငါနှလုံးသားကဘာလို့နာကျင်လာရတာလဲ...

liamသူကိုယ်သူမေးမြန်းကြည့်ပေမယ့်တစ်စုံတစ်ရာသောအဖြေကိုစဥ်းစားမရခဲ့ပါ...

ချစ်မေတ္တာတည်သောနှလုံးသားငယ်(or)ချစ်ရပ်၀န်းလေးထဲခိုနားခွင့်လေးပေးပါWhere stories live. Discover now