နှလုံးသား၏အမိန့်တော်(part23)

148 8 0
                                    

''ညီမလေးမှူး..''မှူးပန်းပင်တွေကိုလိုက်ကြည်ြနေရင်းအနောက်မှအသံကြားတာကြောင့်လှည့်ကြည့်လိုက်တော့အကိုကမှူးအားပြုံးပြနေသည်။

အပြုံးဟူတ်တယ်မှူးသိပ်လွမ်းခဲ့ရသောအကို့အပြုံးမှူးမြတ်နိုးတယ်အကို..
''အကို''

''မှူးအကိုတိုက်ကိုလာတွေ့တာလား''

''အကိုတိုက်တစ်ယောက်ထဲမဟုတ်ပါဘူးအကို့ကိုရောလာတွေ့တာ...''

''အော်...ဒါနဲ့မှူးကအကိုနဲ့ဘယ်တုန်းကခင်မင်ခဲ့ကြတာလဲ..အကိုသိလို့ရမလား''

''အကိုနဲ့မှူးကလွန်ခဲ့တဲ့၄နှစ်ကျော်ကတည်းကခင်ခဲ့ကြတာလေ...''ပြောပြီးမှူးလွန်ခဲ့က၄နှစ်ကျော်အကြောင်းတွေကိုပြောပြလာသည်။

''မှူးကပြောပြနေပေမယ့်အကိုဘာတစ်ခုမှမမှတ်မိဘူး..''

''အကိုကအတိတ်မေ့နေတာလေ..အကိုပြန်မှတ်မိချင်ရင်အိပ်ငွေ့ချတဲ့နည်းနဲ့ကုရင်ပြန်မှတ်မိနိုင်ပါတယ်...''

''အိပ်ငွေ့ချတဲ့နည်း...''

''အင်းဆရာ၀န်တွေနဲ့တိုင်ပင်ပြီးလုပ်လို့ရပါတယ်...အကိုပြန်မှတ်မိချင်ရင်ပေါ့..''

''အကိုပြန်မှတ်မိချင်တယ်..အကိုဇနီးနဲ့သမီးတွေကိုအကိုနွေးထွေးကြင်နာတဲ့အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားချင်သေးတယ်..''

''အကိုအခူလည်းအကိုကြိုးစားနေတာဘဲလေ..အကိုအတိတ်မေ့နေတာကလွဲရင်ပေါ့မမနန်းအပေါ်မှာရောသမီးတွေအပေါ်မှာပါဖခင်ကောင်းခင်ပွန်းကောင်းဖြစ်နေခဲ့ပါပြီး..''

''အကိုသူတို့တွေအကုန်လုံးကိုပြန်မှတ်မိချင်တယ်မှူး...အိပ်ငွေ့ချတဲ့နည်းနဲ့ကုရင်သူတို့တွေကိုပြန်မှတ်မိနိုင်မလား''

''ဆရာ၀န်တွေနဲ့သေချာဆွေးနွေးပြီးမှလုပ်ပါအကို..''

''ကျေးဇူးပါညီမမှူးအကို့ကိုနည်းလမ်းကောင်းတွေလမ်းညွှန်ပေးလို့ကျေးဇူးပါ..''မှူးအားလွှတ်ထွက်သွားမတတ်ဖက်ထားသောအကို့ကိုပြန်လည်သိူင်းဖက်ထားရင်း*အကိုနဲ့ဆုံတွေ့ခြင်းကမှူးအတွက်သောကံကောင်းခြင်းပါဘဲအကိုရယ်..တွေ့ဆုံမှုကနောက်ကျခဲ့ပေမယ့်မှူးရင်ထဲမှာအကိုဟာထာ၀ရတည်ရှိနေမှာပါ...ချစ်တယ်ဆိုတဲတ့စကားကိုအကို့အတွက်မှူးရင်ထဲမှာထာ၀ရသိမ်းဆည်းထားပါတော့မယ်...အကိုသိပ်ချစ်ရတဲ့မိသားစုနဲ့အတူတကွပျော်ရွှင်စွာနေထိုင်နိုင်ပါစေအကို..*

ချစ်မေတ္တာတည်သောနှလုံးသားငယ်(or)ချစ်ရပ်၀န်းလေးထဲခိုနားခွင့်လေးပေးပါWhere stories live. Discover now