နှလုံးသား၏အမိန့်တော်(part14)

167 8 0
                                    

အိမ်ပြန်ရောက်တော့liamတို့ထိပါတော့သည်။

''မောင်အခန်းထဲလိုက်ခဲ့!!!''ထိပ်ထားပြောပြီးညနေစာချက်ဖို့တွေကိုစားဖိုမှူးဆီပေးကာအပေါ်ထပ်တက်သွားလေသည်။

နီနီနဲ့ပျိုးနဲ့ဧည့်ခန်းထဲတွင်မင်းခနဲ့အတူထိုင်နေလေသည်။
ထိပ်ထားရောက်လာသည်ကိုကြည့်နေကြပြီးပျိုးမှ''မာမီစိတ်ဆိုးနေတာကြီးဒယ်ဒီဘာလုပ်လိုက်ပြန်တာလဲမသိ...''

''ဒယ်ဒီတော့ထိတော့မယ်..''

နီနီပျိုးတိုးတိုးနဲ့ပြောနေလေသည်။

မင်းခလည်းမမလေးအကြောင်းသိတာကြောင့်ခေါင်းသာခါနေတော့သည်။

အခန်းထဲကိုရောက်တော့ထိပ်ထားဟာကုတင်ပေါ်တွင်လက်ပိုက်ကာထိုင်နေလေသည်။

''ထိပ်ထား..''

''မောင့်ကိုထိပ်ထားဘာပြောထားလဲဆိုတာမေ့နေတာလား...''

''မောင်မမေ့ပါဘူး..poliaနဲ့၀ေး၀ေးနေဖို့ပြောခဲ့တာမှတ်မိပါတယ်...ဒါပေမယ့်သူမကနှုတ်ဆက်တော့မကောင်းတတ်လို့စကားပြန်ပြောတာပါထိပ်ထား''

ထိပ်ထားလက်ပိုက်ရာကနေထလာပြီး''အော်လက်မောင်းကိုဖက်ပြီးရင်ခွင်ထဲခေါင်းမှီပြီးမောင်က၀တ်ကျေတန်းကျေနှုတ်တယ်ပေါ့''

''ထိပ်ထားဘာလို့အခုလိုပြောရတာလဲကျနော်တို့ကရိုးရိုးသားသားပါဘဲ...သူမကမူးနေလို့ကျနော့်ကိုခနမှီထားတာပါအဲဒါကိုထိပ်ထားကကျနော်နဲ့သူဖောက်ပြန်နေတယ်လို့ဘာလို့စွပ်စွဲရတာလဲ...''

''မဟုတ်လို့လား..ရင်ခွင်ထဲရောက်မတတ်ဖြစ်နေတဲ့မြင်ကွင်းကိုမြင်နေရတာငါ့အတွက်ရင်နာစရာဘဲထွဋ်ထိပ်ခေါင်...''

''မနန်းထိပ်ထားစံ!!!ကျနော့်ကိုမစွပ်စွဲပါနဲ့ကျနော်အမကွယ်ရာမှာအမကိုသစ္စာဖောက်ဖို့ဘယ်တော့မှမတွေးခဲ့ဘူး..အမအခုလိုကျနော့်အပေါ်မှာနားလည်မှုမပေးနိုင်တာကိုတော့ကျနော်စိတ်မကောင်းဘူး...''မောင်မျက်ရည်ကျကာပြောလာသည်။

''မောင်တို့ကမင်းကိုဆုံးရှုံးရမှာကြောက်လို့အခုလိုပြောနေရတာ..မင်းနဲ့poliaရဲ့မြင်ကွင်းကတို့ကိုခံစားရစေတာမင်းသိရဲ့လား..မင်းကိုpoliaနဲ့၀ေး၀ေးနေခိုင်းရတာကpoliaကမင်းအပေါ်မှာစိတ်၀င်စားမှုရှိနေခဲ့လို့ဘဲမောင်...''

ချစ်မေတ္တာတည်သောနှလုံးသားငယ်(or)ချစ်ရပ်၀န်းလေးထဲခိုနားခွင့်လေးပေးပါWhere stories live. Discover now