နှလုံးသား၏အမိန့်တော်(part15)

155 7 0
                                    

မင်းခေါင်ချာတိတ်အိမ်ရှေ့ရောက်တော့ဟွန်းတီးလိုက်လေသည်။ခနအကြာအိမ်ထဲကနေကောင်မလေးတစ်ယောက်ထွက်လာပြီး''ဘယ်သူနဲတွေ့ချင်လို့လဲရှင်''

''မမမှူး...ကျနော်ပါ..''

''သျှင်..ဘယ်လိုဖြစ်ပြီး..''

''မမရာအိမ်ထဲရောက်မှမေးပါဒီမှာဧည့်သည်ပါတယ်ဗျ..ခြံတံခါးဖွင့်ပေးအုန်း...''

''ဧည့်သည်ပါတာလား..အေးအေး''မှူးခြံတံခါးကြီးကိုဖွင့်ပေးလိုက်ပြီးကားကို၀င်စေလိုက်သည်။
ပြီးမှခြံတံခါးပိတ်ကာကားရှိရာသိူ့ရောက်လာခဲ့လေသည်။

''သျှင်နင်ဘယ်သူ့ကိုအိမ်ခေါ်လာတာလဲ...''

ကားပေါ်ကဆင်းလာတဲ့သူကိုကြည့်ရင်းမှူးမေးလိုက်သည်။

''ဦးမင်းခေါင်လွင်လေမမမှူးရဲ့..''

''ဘာ!!!''

''မမတိုးတိုး..''

''နင်ဦးမင်းခေါင်လွင်နဲ့သိနေတာလားသျှင်..''

''မသိပါဘူးဒီတိုင်းရင်းနှီးနေတာ..''

''ချာတိတ်ကိုယ့်ကိုဧည့်ခံဖို့အစီအစဥ်မရှိဘူးလား''

''ဟုတ်ဦးခေါင်..လာအိမ်ထဲကြွပါ...''

အိမ်ထဲရောက်တော့မေမေကမီးဖိုကနေထွက်လာပြီး''ဘယ်သူတွေလဲမှူး..''

''မေမေသားလေးထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်ဦးမင်းခေါင်လွင်ကိုအိမ်အလည်ခေါ်လာတာလေ...''

''ဟုတ်လား...သားငယ်ကတော့လေအိမ်မှာဧည့်ခံဖို့စားကောင်းသောက်ဖွယိမ၀ယ်ခြမ်းထားရဘူးကွယ်..ဧည့်သည်ကိုအားနာစရာဖြစ်တော့မယ်...''

ဒေါ်ငြိမ်းတစ်ယောက်ဧည့်ခန်းထဲသို့၀င်လာပြီး''သားဧည့်သည်ကိုဧည့်ခံဖို့မမနဲ့အတူ၀ိုင်းကူအုန်းကွယ့်..''

''နေပါစေအမကျနော်ကကောင်လေးကိုအိမ်ပြန်ပို့ပေးပြီးအမတို့နဲ့စကားနည်းနည်းပြောချင်လို့၀င်လာတာပါ..''

''ဟူတ်ကဲ့ပြောပါ..''

''ဒီလိုပါနောက်တစ်ပတ်ထဲကျရင်ကျနော်USကိုသွားမလို့အဲဒါနဲ့အမသားနဲ့သမီးကိုကျနော်အလည်ခေါ်သွားချင်လို့အမဆီမှာလာခွင့်တောင်းတာပါ...''

ချစ်မေတ္တာတည်သောနှလုံးသားငယ်(or)ချစ်ရပ်၀န်းလေးထဲခိုနားခွင့်လေးပေးပါWhere stories live. Discover now