နှလုံးသား၏အမိန့်တော်(part11)

171 11 0
                                    

''ခွမ်း!!!''

''ဟာ!!!''ဘေးနားကလူများသျှင်လုပ်ရပ်ကြောင့်ပါးစပ်အဟောင်းသားဖြစ်သွားလေသည်။

ခေါင်းရိုက်ခံထိတဲ့လူမှာတော့မထနိုင်တော့ပေ။

''ကျနော့်ကိုရဲလက်အပ်ချင်တယ်ဆိုဒီကောင်သေမှရမယ်အဲတော့..''သျှင်လက်ထဲကဖန်ကွဲစအားလဲနေသောထိုလူ့ရင်ဘတ်သို့ထိုးချရန်လုပ်ချိန်မင်းခေါင်မနိုင်သာတော့ဘဲ''ချာတိတ်ရပ်လိုက်!!!''

မင်းခေါင်ချာတိတ်လက်ကဖန်ကွဲစကိုဆွဲလုကာ''မင်းရူးနေလိူ့လူသတ်တာလား..ပြေပြေလည်လည်ဖြေရှင်းလို့ရရဲ့သားနဲ့..''

သျှင်သူ့အားတရားလာချနေသောဦးလေးကြိးအားကြည့်လိုက်တော့ဟိုတလောကသူနဲ့ပြသာနာဖြစ်မလို့ဖြစ်သွားခဲ့ရသောလူပင်...

''ဒီမှာခဗျားနဲ့ဘာဆိုင်လို့လဲ...ကိုယ်နဲ့မဆိုင်ရင်၀င်မရှုပ်နဲ့...''

''ငါနဲ့တော့မဆိုင်ဘူး..ဒါမယ့်မင်းလူသတ်နေတာကိုငါဒီတိုင်းမကြည့်နိုင်ဘူး..လူအသက်တစ်ချောင်းကိုမင်းဘာထင်နေတာလဲဟမ်း..''

''ကျနော်ပြောနေတယ်ခဗျားနဲ့မဆိုင်ဘူး''

''မင်းငါနဲ့လိုက်ခဲ့..မင်းထိုက်ဆိုင်ရဲ့ပျက်စီးမှုနဲ့ဒီလူတွေအတွက်နစ်နာကြေးပေးလိုက်ပါ...''

''ခဗျားဘာလုပ်တာလဲလွှတ်စမ်းကျနော့်လက်ကို..''မင်းခေါင်ရုန်းနေသောထိုချာတိတ်ကိုပုခုံးပေါ်သို့ကောက်ထမ်းကာဘားမှထွက်လာခဲ့လေသည်။မင်းထိုက်နဲ့မေမှာအဖြစ်ပျက်မြန်ဆန်တာကြောင့်သူတို့၂ယောက်အားကြောင်ပြီးသာရပ်ကြည့်နေခဲ့သည်။

ကားပါကင်သို့ရောက်သော်

မင်းခေါင်ပုခုံးပေါ်ကချာတိတ်အားအောက်သို့ချပေးလာသည်။

''ခဗျား!!!..''

မင်းခေါင်ဘာမှပြန်မပြောဘဲကားတံခါးဖွင့်ကာ''တက်!!''

''ကျနော်ဘာလို့ခဗျားနဲ့လိုက်ရမှာလဲ..မလိုက်ဘူး..''သျှင်ထိုသို့ပြောပြီးထွက်သွားဖို့လုပိတော့သျှင်အားခါးကနေကိုင်မြှောက်ကာကားထဲသို့ထည့်လိုက်ပြီးခါးပတ်ပတ်ပေးလေသည်။

''ငြိမ်ငြိမ်နေ!!!ငါစိတ်မရှည်တတ်ဘူး...''မင်းခေါင်စကားကိုနားမထောင်သောသျှင်

ချစ်မေတ္တာတည်သောနှလုံးသားငယ်(or)ချစ်ရပ်၀န်းလေးထဲခိုနားခွင့်လေးပေးပါWhere stories live. Discover now