နှလုံးသား၏အမိန့်တော်(part44)

155 9 0
                                    

''ဦးခေါင်!!!''

သျှင်မျက်လုံးများပြာ၀ေသွားရသည်။

လူနာတင်လှည်းပေါ်ကဦးခေါင်မှဦးခေါင်စစ်စစ်....ဘာတွေဖြစ်သွားတာလဲ...

သျှင်အခုလက်ရှိဖြစ်သွားတာကိုမယုံကြည်နိုင်စွာဖြစ်နေခဲ့သည်။

ဆေးရုံတွင်

သစ္စာဆရာဖြစ်သူယာဥ်တိုက်မှုဖြစ်ပွားခဲ့တာကြောင့်စိုးရိမ်စွာဆရာ့အခြေအနေကိုစောင့်မျှော်နေမိသည်။

စကြ်န်လမ်းတစ်လျှောက်ပြေးလာသောလူငယ်လေး..''ဟာဘယ်လိုလုပ်လိုက်တာလဲ''

''တောင်းပန်ပါတယ်..''သျှင်ဦးခေါင်ကိုမြင်တွေ့ရဖို့အလောတကြီးပြေးလာခဲ့လေသည်။

သူနာပြုတွေပြောသောအရေးပေါ်ခွဲခန်းရှေ့ကိုရောက်တော့သျှင်တွေ့တဲ့သစ္စာအနားကိုရောက်လာပြီး''ဦးခေါင်အခြေအနေစိုးရိမ်ရလားဟင်..''

သစ္စာကောင်လေးအားကြောင်ပြီးကြည့်နေမိသည်။

''မြန်မြန်ပြောပါဗျဦးခေါင်အခြေအနေကျနော်သိချင်လို့ပါ...''ထိုအချိန်ခွဲခန်းထဲကဆရာ၀န်ထွက်လာခဲ့လေသည်။သျှင်ဆရာ၀န်တွေဆီပြေးသွားကာ

''ဆရာ..ဆရာ..ဦးခေါင်အခြေအနေစိုးရိမ်ရလားဟင်..''

''ဟင်း..ခွဲစိတ်မှုအောင်မြင်ခဲ့ပေမယ့်လူနာမျက်လုံးတွေကကားမှန်ကွဲစကြောင့်ပြန်မမြင်တော့ပါဘူး..''

''ဗျာ..''သျှင်ဆရာ၀န်ရှေ့တွင်ဒူးထောက်ကျသွားခဲ့ရသည်။

''မဟုတ်ဘူး..ဘာလို့အခုလိုဖြစ်ရတာလဲ..ဦးခေါင်ကိုအခုလိုဖြစ်အောင်လုပ်တဲ့ကောင်ကိုကျနော်သွားသတ်မယ်..''သစ္စာသျှင်လက်ကိုဆွဲလိုက်ကာ''အခူလိုဖြစ်တာတခြားသူကြောင့်လို့မင်းထင်နေလား...''

''ဒါဆိုဘယ်သူ့ကြောင့်လဲ..''

''ဆရာကမင်းကိုဖုန်းဆက်နေခဲ့တာမင်းဖုန်းမကိုင်ဘူးစက်ပိတ်ထားတယ်ဆရာမင်းကိုတွေ့ချင်လို့ကားနဲ့မင်းရှိရာကိုထွက်လာခဲ့တာအခုလိုဖြစ်တော့တာဘဲအဲဒါကိုမင်းကဘယ်သူ့ကြောင့်လို့အပြစ်တင်ချင်နေတာလဲ...''

''ဦးခေါင်..ကျနော့်ဆီလာဖို့အတွက်ကြောင့်အခုလိုဖြစ်ရတာလား...ကျနော်တကယ်မသိဘူး..ဦးခေါင်ကျနော့်ကိုဖုန်းခေါ်ခဲ့တာကျနော်ဖုန်းစက်ပိတ်ထားချင်လို့မဟုတ်ရပါဘူး..ကျနော်ဖုန်းပျက်လို့ဆိုင်မှာပြင်ထားရတာပါ..ဦးခေါင်ခေါ်တာကျနော်တကယ်မသိတာပါဗျ...''

ချစ်မေတ္တာတည်သောနှလုံးသားငယ်(or)ချစ်ရပ်၀န်းလေးထဲခိုနားခွင့်လေးပေးပါWhere stories live. Discover now