နှလုံးသား၏အမိန့်တော်(part33)

143 8 0
                                    

ဘုရင်လမ်းလျှောက်နေရင်းသွယ်ကကျောက်ဆောင်ပေါ်မှာထိုင်ရင်းဓာတ်ပုံရိုက်နေသည်ကိုတွေ့ရလေသည်။

ဘုရင်သူမရှိရာကျောက်ဆောင်ပေါ်သို့တက်လာပြီး

''သွယ်ဒီမှာဓာတ်ပုံရိုက်နေတာလား''

ဘုရင့်အသံကြောင့်သွယိအနောက်သို့လှည့်ကြည့်လိုက်မိသည်။

''အင်း..ဒီနေရာကအရမ်းလှလို့ဓာတ်ပုံရိုက်နေတာ..''

''မှူးနဲ့တွဲနေကြတာလားသွယ်..''

ဘုရင့်စကားကြောင့်သွယ်ဖုန်းကိုပိတ်လိုက်ပြီးဘုရင်ဘက်သို့လှည့်ကြည့်လာသည်။

''အင်း..သွယ်မှူးကိုချစ်တယ်..မှူးနဲ့အတူရှိနေရရင်ပျော်တယ်..''

''သွယ်ပျော်ရွှင်မယ်ကိုကျေနပ်ပါတယ်..''

''......''၂ယောက်လုံးတိတ်ဆိတ်နေမိသည်။

''မှာထားတာတွေရပြီးထင်တယ်သွားကြရအောင်သွယ်...''

''အင်း...''

*နာကျင်ပေမယ့်သွယ်ပျော်ရွှင်မယ်ကိုစွန့်လွှတ်ပေးပါ့မယ်သွယ်ရယ်*

...........

မင်းခေါင်မင်းခဖုန်းဆက်တာကြောင့်ချက်ချင်းUSကိုပြန်ရောက်လာလေသည်။ညီမနန်းကိုပြန်ပေးဆွဲတဲ့သူကတခြားသူမဟုတ်ပေ။ဦးမာန်ဓန၏သားငယ်မျိုးမာန်ပင်..

''မျိုးမာန်ဆိုတဲ့ကောင်ကဦးမာန်ဓနရဲ့သားငယ်ဘဲ...ငါသိတယ်ထွဋ်...''

''ဦးမာန်ဓနက၀ရမ်းပြေးဖြစ်နေတာ၁၀နှစ်ကျော်ကြာပြီးအခုချိန်ထိမဖမ်းမိသေးဘူး..ဒိကောင်မျိုးမာန်ကိုစစ်မေးရင်အဖြေထွက်လာမှာသေချာတယ်...''

''မျိုးမာန်ကစီးပွားရေးလောကမှာနာမည်ပျက်နေတဲ့သူတစ်ယောက်လို့ငါကြားထားတယ်...''

''ဒီကောင်စီးပွားပျက်လို့ငွေလိုနေတာလေကျနော့်ကို၅မီလီယံတောင်တောင်းတာ''

''မင်းပေးလိုက်လားထွဋ်''

''ကျနော်ပေးတော့ပေးလိုက်ပါတယ်ဒါပေမယ့်ငွေစက္ကူအတုတွေလေ...''

''မင်းကတယ်လည်းပါးနပ်တာကိုးကွ..ဟားဟားငါသူလို့တောင်ပြောစရာမလိုဘူး...ဒါနဲ့ငါ့မြေးတွေကိုလည်းမတွေ့ပါလား''

ချစ်မေတ္တာတည်သောနှလုံးသားငယ်(or)ချစ်ရပ်၀န်းလေးထဲခိုနားခွင့်လေးပေးပါWhere stories live. Discover now