ချစ်မေတ္တာတည်သောနှလုံးသားငယ်(partD)

282 13 0
                                    

မနက်၆နာရီလောက်ရောက်တော့နန်းအဆင်သင့်ပြင်ဆင်ပြီးနေလေပြီး...

''သခင်မလေးနန်း.အောက်ထပ်မှာအကိုလေးစစ်စောင့်နေပါတယ်သခင်ကြီးကအမြန်ဆင်းလာပါတဲ့..''နန်းမှန်တင်ခုံမှထကာ''အင်း..''

နန်းအောက်ထပ်ကိုဆင်းလာတော့''ပြီးပြီးလားမိနန်း..''

နန်းအဘိုးအားခေါင်းငြိမ့်ပြလိုက်သည်။

''မောင်စစ်အတ္တအဘိုးမြေးလေးကိုမင်းလက်ထဲအပ်တယ်နော်သေချာစောင့်ရှောက်ပေးပါ..''

စစ်အတ္တမင်းဦးမင်းဗလနိုင်အားပြုံးပြကာ''စိတ်ချပါအဘိုးကျနော်နန်းကိုသေချာစောင့်ရှောက်မှာပါ...''

''ကဲနေမမြင့်ခင်သွားကြတော့ကွယ့်..ဟိုရောက်ရင်မြေးစစ်စကားကိုမင်းသေချာနားထောင်ရမယ်နော်မိနန်း''

''အဘိုးနန်းတို့ကဘယ်သွားမှာမို့လို့လဲ...''

စစ်အတ္တမင်းကသူမလက်ကိုဆုတ်ကိုင်ကာ''ကိုတို့လက်မထပ်ခင်နိုင်ငံခြားကိုအပျော်ခရီးသွားချင်လို့အဘိုးဆီမှာခွင့်တောင်းခဲ့တာ...''

''ဟုတ်တယ်..အဘိူးစစ်ကိုခွင့်ပြုပေးလိုက်ပြီး..မြေးနန်းသားစစ်စကားကိုသေချာနားထောင်ပါ..အမှားမလုပ်မိစေနဲ့..သွားတော့''

နန်းမှာဘာမှစောဒကတက်ပိုင်ခွင့်မရှိခဲ့ပါ..အဘိူးရဲ့စေလိုရာစေအမိန့်ကိုသာနာခံရသည်။နန်းစစ်အတ္တမင်းနဲ့၂ယောက်ထဲအတူမသွားချင်ပေမယ့်နန်းသွားရတော့မည်။

''နန်းလာလေကိုတို့သွားရအောင်...''

''အင်း..''ကားပေါ်ကိုတက်ကာလေဆိပ်သို့မောင်းနှင်လာခဲ့တော့သည်။

........

ညနေ၃နာရီ

''ဦးငယ်ပြောချင်တဲ့သဘောကကျနော်တို့သားအဖမြန်မာပြည်ကိုပြန်လာရမယ်ပေါ့''ထွဋ်အသံကဒေါသသံတို့ရောနှောနေသည်။

အသံကမာကြောနေသည်ကိုကြည့်ပြီးမင်းခေါင်သက်ပြင်းချကာ''ဟင်းးဟုတ်တယ်ထွဋ်..အဖေကမင်းတို့သားအဖကိုသူမသေခင်လေးတွေ့သွားချင်တယ်တဲ့..''

''ကျနော်ကဘာလို့သူ့ဆန္ဒကိုလိုက်လျောရမှာလဲ...ကျနော့်မိဘတွေကိုရက်ရက်စက်စက်သတ်ပစ်ခဲ့တဲ့လူယုတ်မာကိုကျနော်ကဘာလို့သွားတွေ့ရမှာလဲ...''

ချစ်မေတ္တာတည်သောနှလုံးသားငယ်(or)ချစ်ရပ်၀န်းလေးထဲခိုနားခွင့်လေးပေးပါWhere stories live. Discover now