ချစ်မေတ္တာတည်သောနှလုံးသားငယ်(partV)ends

247 9 0
                                    

ရက်အနည်းငယ်ကြာသော်...

ထွဋ်တိူ့သမီးမွေးနေ့ကိုမြန်မာပြည်မှာဘဲကျင်းပခဲ့သည်။သမီးမွေးနေ့ပွဲနဲတဆက်တည်းမှာပင်ထွဋ်တို့မဂ်လာပွဲကိုကျင်းပခဲ့ကြသည်။နောက်တပတ်မှာထွဋ်တို့မိသားစုတွေ့USကိုပြန်လာခဲ့ကြလေသည်။

၃လခန့်ကြာသော်

USတွင်

''ငါ့သားအတွက်ငါလက်စားပြန်ချေမယ်..''ဦးစစ်အဂ္ဂလှိုင်းသားဖြစ်သူစစ်အတ္တမင်းရဲ့အလောင်းကိုဖက်ကာအော်ဟစ်ငိုကြွေးတော့သည်။

လွန်ခဲ့တဲ့၂ရက်

''ဆရာအခြေအနေမကောင်းဘူးအကိုလေးစစ်စိတ်ဖောက်ပြီးကိုယ့်ကိုကိုယ်ဓားနဲ့ထိုးဖို့ကြိုးစားနေတယ်...''

''ဘာ!!!''ဦးစစ်တစ်ယောက်သားဖြစ်သူရှိရာအခန်းထဲသို့၀င်လာပြီးသားကိုဖမ်းချုပ်ထားသောသူများကိုကြည့်ပြီးသူ့ကိုစိတ်ကျန်းမာရေးဆေးရုံကိုပို့လိုက်ကြ...''

နောက်တစ်နေ့..

''ဆရာ..အကိုလေးဆုံးပြီး..''မြလင်းရဲ့စကားကြောင့်ဦးစစ်ဒေါသထွက်ကာမြလင်းအားဆွဲထိုးလိုက်သည်။

''မင်းဘာပြောတယ်..မြလင်း!!''

''အကိုလေး..အကိုလေးစိတ်ဖောက်ပြီးကိုယ့်ကိုကိုယ်လုပ်ကြံခဲ့တယိ..ဆရာ၀န်တွေအတွေ့စောပေမယ့်အသက်ကိုမကယ်လိုက်နိုင်ဘူး..''

''မဖြစ်နိုင်ဘူးငါ့သားလေး..ငါ့သားလေး..''ဦးစစ်တစ်ယောက်အရူးတစ်ယောက်ပမာအခန်းထဲမှပြေးထွက်သွားလေသည်။

ဆေးရုံပေါ်တွင်..

''ငါ့သားကိုအခုလိုဖြစ်အောင်လုပ်တာဘယ်သူလဲ..မင်းသွားစုံစမ်းလာခဲ့မြလင်း...ငါ့သားကိုစိတ်ဖောက်သွားအောင်လုပ်တဲ့ကောင်တွေကိုငါကိုယ်တိုင်သတ်ပစ်မယ်...''

ညနေပိုင်းမြလင်းပြန်ရောက်လာသည်။

''ဆရာအကိုလေးနဲ့အခုတလောပြသာနာဖြစ်ခဲ့သူကိုသိရပြီး''

''ဘယ်သူတွေလဲ''

''ထွဋ်ထိပ်ခေါင်နဲ့မင်းခေါင်လွင်တို့ပါဆရာ..''

''တောက်!!တွေ့ကြပြီးပေါ့ကွာ.ငါ့သားအတွက်ငါလက်စားပြန်ချေမယ်...''

ချစ်မေတ္တာတည်သောနှလုံးသားငယ်(or)ချစ်ရပ်၀န်းလေးထဲခိုနားခွင့်လေးပေးပါWhere stories live. Discover now