ချစ်မေတ္တာတည်သောနှလုံးသားငယ်(partQ)

221 8 0
                                    

''ကိန်းမင်းဘယ်လိုဖြစ်ပြီးဒီကို...''

''အိမ်ထဲရောက်မှပြောကြရအောင်..''ထွဋ်ကိန်းအားအိမ်ထဲသို့ခေါ်လာခဲ့လိုက်သည်။

''ဘာကိစ္စလဲကိန်း..''

''မနေ့ကနန်းထိပ်ထားစံနဲ့မင်းရက်စက်တို့ကိုcafe barမှာတွေ့ခဲ့တယ်..''

''ဘယ်လို!!.ထိပ်ထားနဲ့မင်းရက်စက်ကိုမင်းတွေ့ခဲ့တယ်အတူတွေ့ခဲ့တာလား''

''ဟုတ်တယ်..ဒီမှာငါဗွီဒီယိုရိုက်ထားခဲ့တယ်..''kameဟာပြောရင်းသူ့ဖုန်းကိုထုတ်ကာမနေ့ကရိုက်ထားခဲ့တာကိုထွဋ်အားပြလိုက်လေသည်။

''မင်းသိလားထွဋ်သူမနဲ့မင်းရက်စက်တွေ့တေခဲ့တာကို''

''ငါမသိဘူးကိန်း..ဒါပေမယ်ဒီဗွီဒီယိုထဲမှာကြည့်ရသလောက်မင်းရက်စက်သူမကိုတစ်ခုခုပြောတာမျိုးတော့မတွေ့ရဘူး...ဒါပေမယ့်သူမကစိတ်ဆိုးနေပုံပေါ်တယ်မင်းရက်စက်ပါးကိုရိုက်ခဲ့တယ်...သူမနဲ့မင်းရက်စက်ဘယ်လိုပတ်သက်နေလဲဆိုတာငါစုံစမ်းမှဖြစ်မယ်ကိန်း...''

''ငါကမင်းကိုစိုးရိမ်လို့လာပြောပြတာပါ..နန်းထိပ်ထားစံကအခုချိန်မှာဘယ်သူ့ဘက်ပါနေတာလဲဆိုတာမသိရသေးဘူး..မင်းရက်စက်ပုံစံကသူမကိုချဥ်းကပ်နေတာကိုတွေ့ရတယ်..ငါမင်းကိုစိတ်ပူလို့ပါအခုချိန်မှာမင်းနဲ့အနီးဆုံးဆိုလို့သူမနဲ့နိုရာဘဲရှိတာလေ...အန်ကယ်ထွဋ်ခေါင်ကအချိန်တိုင်းမင်းအနားမှာမရှိနေနိုင်ဘူး...''

''နိုရာငါ့ဘ၀ထဲကထွက်သွားပြီးကိန်း...''

''ဘယ်လို!!!ဟာဘယ်တုန်းကလဲငါလည်းမသိရပါလား...''

''ဒိတိုင်းပါဘဲ...ဒါနဲ့မင်းရက်စက်ကဒီကိုပြန်၇ောက်နေတာလား..''

''ရောက်နေတာ၂ပတ်ကျော်ပြီး..ဒီဘက်မှာအခြေအနေတွေကိုငြိမ်နေသေးတယ်ဆိုတော့ခနတာလာခိုးအောင်းတာဖြစ်မယ်...''

''မမနဲ့ယောက်ဖရဲ့အမှုကိုလည်းပြန်လည်ဖော်ထုတ်ရမယ်...ကိန်းနက်ဖြန်ငါနဲ့တစ်နေရာလိုက်ခဲ့ပေး...''

''ဘယ်ကိုလဲတိုနီ...''

''မမတို့တိုက်ခန်းဟောင်းကို..''

''အိုကေနက်ဖြန်ငါမနက်စောကြီးလာခဲ့မယ်မင်းအဆင်သင့်ပြင်ထား...''

ချစ်မေတ္တာတည်သောနှလုံးသားငယ်(or)ချစ်ရပ်၀န်းလေးထဲခိုနားခွင့်လေးပေးပါWhere stories live. Discover now