နှလုံးသား၏အမိန့်တော်(part1)

213 13 0
                                    

တိတ်ဆိတ်ခြောက်ကပ်နေသောညနေခင်းအချိန်၀ယ်...

ခါးလည်လောက်ရှိသောဆံနွယ်ရှည်တို့အားဖြန့်ထားကာလေထဲတွင်၀ဲပျံနေလေသည်။

အုတ်ဂူရှေ့တွင်ရပ်နေသည်မှာအချိန်၁နာရီခန့်ရှိနေလေပြီး...

''မောင်ထိပ်ထားမောင့်ဆီလာတယ်နော်...''

သူမလက်ထဲကနှင်းဆီနီပန်းဆီလေးအားညင်သာစွာပင်အုတ်ဂူရှေ့တွင်ချလိုက်လေသည်။

''မောင်သိပ်ကိုမြတ်နိုးလို့ထိပ်ထားတို့မဂ်လာပွဲမှာနှင်းဆီနီတွေနဲ့လှပစေခဲ့တယ်...ဒီနှင်းဆီနီကိုထိပ်ထားလည်းမြတ်နိုးတယ်မောင်...မောင့်အတွက်ထိပ်ထားယူလာပေးတာ..ဒီနှင်းဆီနီတွေကထိပ်ထားပြန်သွားလို့ရှိရင်မောင်နဲ့အတူရှိနေပေးမှာပါမောင်ရယ်...''

မငိုမိအောင်ထိန်းထားပေမယ့်မျက်ရည်များကမျက်၀န်းအိမ်အတွင်းမှကျဆင်းလာခဲ့လေသည်။

''ထိပ်ထားမျက်ရည်တွေကျနေမိပြီးမောင်ရယ်...မောင်မကြိုက်တဲ့ထိပ်ထားမျက်ရည်တွေဟာပါးပေါ်ကိုအလိုလိုစီးကျလာခဲ့ပြီးမောင်ရယ်...ပြန်ဆုံခဲ့ရပေမယ့်ခွဲခွာခြင်းကံကြမ္မာကမြန်ဆန်လွန်းလှတယ်မောင်ရယ်...ထိပ်ထားနဲ့မောင့်ကိုခွဲခဲ့တဲ့ကံကြမ္မာကိုထိပ်ထားမုန်းလိူက်တာမောင်ရယ်...''

ထိပ်ထားပြောနေသည်ကိုထောက်ခံသည့်အလားတောစပ်နားကသစ်ပင်လေးများဟာလေတိုက်ရာယိမ်းထိုးထောက်ခံနေကြလေသည်။
ထိပ်ထားမောင့်ကိုသိပ်ချစ်သည်။ခွဲခွာခြင်းကဒီလောက်ထိမြန်ဆန်လိမ့်မယ်လို့မထင်ထားခဲ့မိပါ...

မောင့်အုတ်ဂူကိုလွမ်းဆွေးရိပ်တမ်းနေသောမျက်၀န်းတို့နဲ့လှမ်းကြည့်ရင်း''မောင်ထိပ်ထားသွားတော့မယ်နော်..ထိပ်ထားမောင့်ဆီနေ့တိုင်းလာလည်မယ်..အခုတော့မောင့်သမီးလေးတွေဆီထိပ်ထားသွားရတော့မယ်...မောင့်သမီးငယ်ကမောင့်လိုဘဲအရမ်းဆိုးတာ...ထိပ်ထားမရှိလို့ရှိရင်ဂျီကျတာတအားဘဲ...အဲကြောင့်ထိပ်ထားပြန်တော့မယ်နော်မောင်...အရမ်းချစ်တယ်...''

ထိပ်ထားကားနားကိုရောက်လာတော့ကိုယ်ရံတော်မင်းခက''မမလေး''

''ပြန်ကြရအောင်မင်းခ...''

ချစ်မေတ္တာတည်သောနှလုံးသားငယ်(or)ချစ်ရပ်၀န်းလေးထဲခိုနားခွင့်လေးပေးပါWhere stories live. Discover now