နှလုံးသား၏အမိန့်တော်(part10)

176 10 0
                                    

ထိပ်ထားမောင့်အားဆန်ပြုတ်ပြုတ်ပေးရန်မီးဖိုဆောင်ထဲ၀င်လာခဲ့လေသည်။

''မမလေးဘာများလိုအပ်လို့ပါလဲ..''စားဖိုမှူးကြီးကထိပ်ထား၀င်လာတာကြောင့်ပြာပြာသလဲမေးလေသည်။

''ဘာမှမလိုပါဘူးစားဖိုမှူးကျမခင်ပွန်းအတွက်ဆန်ပြုတ်ပြုတ်ပေးမလို့ပါ...''

''ဟုတ်ကဲ့မမလေးလိုတာရှိရင်ကျနော့်ကိုလှမ်းခေါ်လိုက်ပါ...''

ထိပ်ထားခေါင်းငြိမ့်ပြပြီးမောင့်အတွက်ဆန်ပြုတ်ပြုတ်ပေးဖို့ပြင်ဆင်လေသည်။

မောင်ဟာပုခုံးကဒဏ်ရာကြောင့်အပြင်းဖျားလေသည်။

မောင်ဖျားနေတာကြောင့်ထိပ်ထားအလုပ်ပင်မသွားနိုင်မောင့်ဘေးနားမှာသာစိတ်ပူစွာနဲ့ပြုစုပေးနေခဲ့သည်။

မောင့်အတွက်ဆန်ပြုတ်ရသောပန်းကန်လေးထဲထည့်ပြီးဗန်းပေါ်တင်ကာမောင်ရှိရာအခန်းဆီသို့ဦးတည်လာခဲ့လေသည်။

ချပ်!!!

မောင်ကတော့မှိန်းနေပုံပင်

ထိပ်ထားမောင့်အားလှုပ်နိုးလိုက်လေသည်။

''မောင်..မောင်...''

''ဟင်း..ထိပ်ထား..''

''မောင်ဆန်ပြုတ်ပြုတ်လာတယ်ထ..''

''မောင်မသောက်ချင်ဘူးထိပ်ထား...''

''ထပါမောင်ရယ်...မောင်ဆန်ပြုတိသောက်မှဆေးသောက်ရမှာဒါမှမောင်ပြန်ပြီးကျန်းမာမှာ''

''ကျနော်မသောက်ချင်ဘူးထိပ်ထား...''

''မောင်မသောက်ဘူဆိုအဖျားမျက်ဘူးနော်.မောင့်သမီးလေးတွေမောင်နေမကောင်းဖြစ်နေလို့ကျောင်းမသွားဘူးဘဲပြောနေကြတာမောင်နေပြန်ကောင်းအောင်ဆေးသောက်ရမယ်...''

ထိပ်ထားသမီးတွေနဲ့ကိုင်ပြောတာကြောင့်မောင်ဟာချက်ချင်းဆိုသလိုထလာခဲ့လေသည်။

''ပေးမောင်ဆန်ပြုတ်သောက်မယ်..''

''အင်းအင်းထိပ်ထားမောင့်ကိုခွံ့ပေးမယ်..ကုန်အောင်တော့သောက်ပေးရမယ်...''

''ဟုတ်ကဲ့ထိပ်ထား..''သမီးလေးတွေကြောင့်မောင်ဟာဆန်ပြုတ်ကိုကုန်အောင်သောက်ပြီးဆေးသောက်ကာအိပ်သွားတော့သည်။

ချစ်မေတ္တာတည်သောနှလုံးသားငယ်(or)ချစ်ရပ်၀န်းလေးထဲခိုနားခွင့်လေးပေးပါWhere stories live. Discover now