ချစ်မေတ္တာတည်သောနှလုံသားငယ်(partI)

241 13 0
                                    

''နန်းကိုယ့်အိမ်လိုသဘောထားပြီးနေနော်...နန်းအတွက်အကိုအခန်းစီစဥ်ပေးမယ်...''

''ကျေးဇူးတင်ပါတယ်အကို..''

''ရပါတယ်အချင်းချင်းတွေဘဲဒီလောက်တော့ကူညီပေးရမှာပေါ့...ဒီမှာခနထိုင်နေအုန်းအကိုအခန်းသွားပြင်ပေးအုန်းမယ်...''

နန်းကိုမင်းအားခေါင်းငြိမ့်ပြကာဧည့်ခန်းထဲတွင်ကျန်ခဲ့လေသည်။

နန်းဧည့်ခန်းတစ်ခုလုံးကိုသေချာလိုက်ကြည့်မိသည်။

အတော်ကိုသန့်ရှင်းမှုရှိသည်။

ခနကြာတော့ကိုမင်းပြန်ရောက်လာခဲ့သည်။

''နန်းအခန်းရပြီးထွဋ်ကဧည့်သည်တွေအတွက်အခန်းကိုအတော်လေးသန့်ရှင့်ထားပုံရတယ်အကိုတောင်နည်းနည်းဘဲလုပ်လိုက်ရတယ်...''

''နန်းလည်းသေချာကြည့်မိတယ်..ဒီအိမ်ကတော်တော်လေးသန့်ရှင်းမှုရှိတာဘဲ..ထွဋ်ကအသ့န်ကြိုက်တတ်တာထင်တယ်နော်''

''ဟုတ်ပါ့ဗျ..ထွဋ်လေးကသူ့နေဖို့သာမကသူများနေဖို့အတွက်နေရာကိုတောင်သန့်ရှင်းနေအောင်လုပ်ထားပေးတာ....''

နန်းနဲ့ကိုမင်းစကားတွေပြောလိုက်တာနေ့လည်ကိုပင်ရောက်လာခဲ့လေသည်။

''နန်းအကိုတို့တစ်ခုခုသွားကြမလား..၁၂တောင်ထိုးတော့မယ်..''

''အင်းသွားကြမယ်လေ..နန်းအ၀တ်စားလဲဖို့က''

''နေပါစေအကိုတို့အပြင်ထွက်ပြီး၀ယ်ကြတာပေါ့နန်း..''

''ဟုတ်ကဲ့...''

နန်းတို့၂ယောက်နေ့လည်စာစားဖို့အတွက်ထွက်လာခဲ့ကြလေသည်။

ဆေးရုံတွင်

''tony..ခနကမိန်းကလေးနဲ့နင်နဲ့ရင်းနှီးနေတာကြာပြီးလား''

''မကြာသေးပါဘူးမနေ့ကမှသိတာပါ..ဘာလို့လဲ...''

''ဘာမဟုတ်ပါဘူးဒီအတိုင်းမေးကြည့်တာပါ..''

''nora..နင့်စိတ်ထဲမှာဘာတွေဖြစ်နေလဲဘာတွေခံစားနေရတာလဲဆိုတာငါမသိပေမယ့်နင့်ကငါ့အတွက်အမြဲတမ်းသူငယ်ချင်းပါဘဲ...''

''အင်း..''နိုရာဆက်ပြောလျှင်ရိပ်မိမည်စိုးတာကြောင့်ဘာမှမပြောတော့ပေ။ထွဋ်ကနိုရာ့အားမေးလာသည်။

ချစ်မေတ္တာတည်သောနှလုံးသားငယ်(or)ချစ်ရပ်၀န်းလေးထဲခိုနားခွင့်လေးပေးပါWhere stories live. Discover now