နှလုံးသား၏အမိန့်တော်(part45)

174 9 0
                                    

''ဟေ့ကောင်..ခွပ်!!!''

''ကိုမခန်းကျနော်သားကဒီလိုလူမျိုးမဟုတ်ပါဘူးကိုမခန်းလူမှားတာဖြစ်မှာပါ..''

''ဘာကွငါကလူမှားတယ်..မင်းသားကိုမင်းသေချာမေးကြည့်စမ်းအုန်း..ငါ့သမီးကိုစော်ကားခဲ့လားလို့...''

''ဘုရင်..မင်းငါ့ကိုပြောစမ်းဒါတွေကအမှန်ဘဲလား..''

''ဟုတ်တယ်ဒယ်ဒီ..ကျနော်နဲ့နွေကျူးလွန်ခဲ့ကြပြီးပြီး..အခုနွေ့ဆီမှာရှိနေတာကျနော့်ရင်သွေးဗျ..ကျနော်သွယ်ကိုမချစ်ဘူး..နွေကိုချစ်တယ်..''

''မင်းပြောတဲ့နွေသစ်လွှင့်ကဘယ်လိုဖြစ်ပြီူကိုမခန်းရဲ့..''

''ဟူတ်တယ်ငါ့သမီးကမင်းသားရဲ့ကိုယ်ရံတော်ဆိုပေမယ့်ငါ့ရဲ့တစ်ဦးတည်သောသမီး..နွေ့သစ်လွှင့်ကသူဌေးကြီးဦးအံ့မခန်းရဲ့တစ်ဦးတည်းသောသမီးကွ...မင်းသားကစားပြီးနားမလည်လုပ်မှတော့ထောင်နန်းစံဖို့ခေါ်သွားရမှာပေါ့...''

''တောင်းပန်ပါတယ်ကိုမခန်းကျနော်တို့သားဆိုးမိုက်တာကိုခွင့်လွှတ်ပေးပါ..ကျနော်တို့သားကိုကျနော်တို့သေချာဆိုဆုံးမပေးပါ့မယ်..''

''အဖေ..တော်ပါတော့...နွေတောင်းပန်ပါတယ်.''အိမ်ထဲသို့ပြေး၀င်လာသောနွေဟာဖခင်ခြေရင်းမှာခြေတလုံးဖက်ကာတောင်းပန်နေလေသည်။

''သမီးဘာမှတောင်းပန်နေစရာမလိုဘူးကို့အပေါ်မှာလုပ်ချင်တိုင်းလုပ်ပြီးတာ၀န်မယူဘဲခေါင်းရှောင်နေတဲ့ကောင်အတွက်သမီးခယနေစရာအကြောင်းမရှိဘူး...ဒီကောင်ကသူ့အပြစ်နဲ့သူထောင်ထဲ၀င်ရမှာဘဲသမီးသူ့အတွက်လာပြီးမတောင်းပန်ပါနဲ့အဖေခွင့်မလွှတ်ဘူး...''

''အဖေသမီးကိုသနားရင်ဘုရင့်ကိုခွင့်လွှတ်ပေးပါနော်..''

ဘုရင်လည်းဦးအံ့မခန်းရှေ့ဒူးထောက်ချကာ''ကျနော်တောင်းပန်ပါတယ်ဦးလေးကျနော်နွေ့နဲ့ရင်သွေးလေးကိုတာ၀န်ယူပေးပါရစေ...''

''ဘာ!!အခုမှမင်းက...''ဦးအံ့မခန်းဘုရင်ရင်ဘတ်ကိုစောက်ကန်လိုက်လေသည်။

''အဖေမလုပ်ပါနဲ့..မလုပ်ပါနဲ့..''နွေဘုရင့်ကိုထူပေးရင်း''တောင်းပန်ပါတယ်ဘုရင့်ကိုခွင့်လွှတ်ပေးပါနော်..တောင်းပန်ပါတယ်..''

ချစ်မေတ္တာတည်သောနှလုံးသားငယ်(or)ချစ်ရပ်၀န်းလေးထဲခိုနားခွင့်လေးပေးပါWhere stories live. Discover now