ချစ်မေတ္တာတည်သောနှလုံးသားငယ်(partM)

215 12 0
                                    

မနက်ခင်းနေရောင်ခြည်ကပြတင်းပေါက်မှတဆင့်သူတို့၂ဦးပေါ်သို့ကျဆင်းလာခဲ့သည်။

နန်းသူမမျက်နှာပေါ်သို့နေရောင်ခလာတာကြောင့်မျက်လုံးဖွင့်လိုက်လေသည်။

''အို!!''သူမအခုအိပ်နေသည်ကထွဋ်ရင်ခွင်ထဲမှာပင်..ကမန်းကတန်းထဖို့လုပ်တော့ထွဋ်ကနိုးလာလေသည်။

''မမညကအိပ်ပျော်ရဲ့လား...''နန်းကတော့ရှက်ရွံနေတာကြောင့်မျက်နှာများပင်နီရဲနေလေသည်။

''မမအဆင်ပြေရဲ့လားမျက်နှာနီရဲနေတာဘဲနေမကောင်းဘူးလား...ကိုယ်လဲမပူပါဘူး''နန်းကတော့ထွဋ်လုပ်ရပ်ကြောင့်လူကတောင့်တောင့်ကြီးပင်...

''ထွဋ်ညကဒီမှာဘဲအိပ်ပျော်သွားတာလား''နန်းကမေးလိုက်တော့

''မမညကအိပ်ပျော်သွားတာကျနော်လည်းမနှိုးရက်တော့ဒီတိုင်းဘဲအိပ်လိုက်တာ...''

''ထွဋ်မညောင်းဘူးလား.''

''ညောင်းတာပေါ့မမကိုအားနာလို့ဒီတိုင်းအိပ်လိုက်တာ..အားကျွတ်..ကျွတ်..''

''ထွဋ်အဆင်ပြေရဲ့လား...''

''ညကအိပ်တဲ့ပုံစံမဟုတ်တော့အနာထိသွားတာထင်တယ်...''

နန်းထွဋ်ရဲ့ဒဏ်ရာကိုကြည့်လိုက်တော့ဒဏ်ရာကချုပ်ရိုးဖြေပြီးပေမယ့်အရှင်းမပျောက်သေးပေ။ရောင်ကိုင်းနေတာကိုတွေ့ရလေသည်။

''ထွဋ်ရယ်..ဒဏ်ရာတွေကအရှင်းမပျောက်သေးတာကိုနန်းကိုနှိုးလိုက်ရောပေါ့''

''မမအိပ်နေပုံလေးကချစ်ဖို့ကောင်းတယ်လေဒါကြောင့်မနှိုးရက်တာပါ...ကျနော့်ဒဏ်ရာကဘာမှမဖြစ်ပါဘူး..မမအေးချမ်းစွာအိပ်ပျော်နေတာကိုကျနော်ကြည့်ပြီးစိတ်ထဲပျော်ရွှင်ခဲ့တယ်..''

''ထွဋ်.''

''မမသိလားကျနော့်ဘ၀မှာဘယ်သူ့အပေါ်မှာမှအခုလိုမကောင်းပေးတတ်ဘူးနိုရာတောင်မှပေါ့နိုရာကကျနော်ဆီကနွေးထွေးပေးမှုကိုလိုအပ်တယ်လေဒါပေမယ့်ကျနော်မပေးနိုင်ခဲ့ဘူး..မမနဲ့ကျမှကျနော်အခုလိုလုပ်နေမိတာပါ..မမပင်ပန်းနေချိန်မှာကျနော်ထွေးပွေ့ပေးချင်တယ်မမလိုအပ်နေချိန်မှာအနားမှာကျနော်ရှိနေပေးချင်တယ်..မမအတွက်ကျနော်အကောင်းဆုံးနဲ့အားကိုးရတဲ့သူတစ်ယောက်ဖြစ်ချင်တယ်...''

ချစ်မေတ္တာတည်သောနှလုံးသားငယ်(or)ချစ်ရပ်၀န်းလေးထဲခိုနားခွင့်လေးပေးပါWhere stories live. Discover now