နှလုံးသား၏အမိန့်တော်(part47)

200 10 0
                                    

မြောက်ကျွန်းစု..

မြတ်ဖုရာတောင်ကျေးရွာ...

''အကို...''

''ပန်းအကိုဂျေခနကဘဲအပြင်ထွက်သွားတာဘာလိုချင်လို့လဲ..''

ပန်းဗိုက်ဖုံးအကျီလေးနဲ့တဲအောက်သို့ဖြေးညင်းစွာဆင်းလာခဲ့သည်။

''အကိုပျောက်နေလို့လိုက်ရှာတာပါဘာမှမဟုတ်ပါဘူးအကိုခွမ်...''

ပန်းတဲရှေ့ကွပ်ပျစ်မှာထိုင်ရင်းအကိုပြန်အလာကိုစောင့်နေလေသည်။

ခနနေတော့အကိုပြန်ရောက်လာလေသည်။

''ပန်းဘာလို့အပြင်မှာထိုင်နေတာလဲအေးတယ်လေ...''

''အကို့ကိုစောင့်နေတာ...အကိုဗိုက်ဆာပြီးလား''

''အကိုမဆာသေးဘူးခွမ်ရော..''

''အကိုခွမ်ကညနေစာချက်နေတယ်အကို့ရဲ့..ပန်းတို့အိမ်ထဲသွားကြရအောင်နော်..''

''အင်း''ပန်းအကို့ရဲ့လက်မောင်းကိုကိုင်ကာအိမ်သို့၀င်လာခဲ့လေသည်။

''အိုက်ခွမ်..ဟေ့အိုက်ခွမ်....''

ခွမ်ညနေစာချက်ပြုတ်နေတုန်းဂျေခေါ်သံကြောင့်ချက်ချင်းအိမ်ရှေ့သို့ပြေးထွက်လာခဲ့လေသည်။

''အကိုဂျေဘာလဲ..''

ဂျေကလက်ထဲ၀က်သားတုံးကြီးကိုခွမ်ဆီသို့ပစ်ပေးလိုက်လေသည်။

''ခွမ်မင်းဘာချက်ချင်လဲလုပ်ချင်တာလုပ်..''

''ဟုတ်ပြီးဒီလိုအသားမျိုးရလာတာဆိုတော့ဟင်းမယ်မျိုးစုံတော့ရလောက်တယ်ဗျ...ချက်ပြီးဗျို့..''

''အကို..အကိုခွမ်ကဟင်းချက်အရမ်းတော်တာဘဲနော်စားဖိုမှူးလုပ်လို့ရတယ်..''

''ဟာပန်းကလည်းဒီကောင်ကဟိုတယ်တို့မိုတယ်တို့မှာအဆင့်မြင့်စားဖိုမှူးတစ်ယောက်လေနာမည်လည်းရထားတာ..သူ့လောက်ဟင်းချက်ကောင်းတာဒီကမ္ဘာမှာမရှိသလောက်ဘဲ...''

''အမယ်အကိုကတော့ချီးကျူးနေတယ်ဆိုတော့အကိုခွမ်ကတော်တော်..တော်တဲ့စားဖိုမှူးဖြစ်မယ်..''

''ဒါပေါ့..ဒီကောင်ကလူကြမ်းသာဆိုတာဟင်းချက်လက်ယာရှယ်ကောင်း..''

ချစ်မေတ္တာတည်သောနှလုံးသားငယ်(or)ချစ်ရပ်၀န်းလေးထဲခိုနားခွင့်လေးပေးပါWhere stories live. Discover now