နှလုံးသား၏အမိန့်တော်(part9)

178 10 0
                                    

ဆေးရုံတွင်

''လူနာကခေါင်းမထိတာကံကောင်းတယ်လို့ပြောရမယ်...''

''ပုခုံးကရောင်ကိုင်းလာတာဘဲဆရာ..''

''စိတ်မပူပါနဲ့ရှပ်ထိရုံဘဲဆိုတော့စိုးရိမ်စ၇ာမရှိပါဘူးကျနော်အယောင်ကျဆေးထိုးပေးမယ်နော်...အခုတလောအလေးအပင်မတာတွေတော့ရှောင်ပေါ့...''

''ဟုတ်ကဲ့ဆရာ...''

သူနာပြုကရောင်ကိုင်းနေသောပုခုံးအားဆေးလိမ်းပေးပြီးနောက်သောက်ဆေးတချို့အားကောင်တာမှာငွေရှင်းရင်း၀င်ယူရန်မှာကြားလိုက်လေသည်။

သူနာပြုထွက်သွားတော့မောင်က''ထိပ်ထားဆိုက်မှာတုန်းကအုတ်ခဲကြီးပြုတ်ကျမတော်တဆမဟုတ်နိုင်ဘူး...''

''ဘာဖြစ်လို့လဲမောင်သူတို့ကပေါ့လျော့လို့ဖြစ်သွားတာလေ''

''မဟုတ်ဘူးထိပ်ထားမောင်ကိုယ်တိုင်မျက်စိနဲ့တပ်အပ်မြင်ခဲ့တာ..၄လွှာကလူတစ်ယောက်သူ့ပုံစံကဆိုက်ကအလုပ်သမားနဲ့မတူဘူး..လုပ်ကြံသူတစ်ယောက်လိုဘဲ..မျက်နှာဖုံးအနက်စွပ်ထားတာ..ကျနော်သူ့ကိုကြည့်နေတာကြာပြီး..အဲလူကထိပ်ထားကိုအငြိုးထားပုံနဲ့လုပ်လိုက်တာ...အုတ်ခဲကြီးခေါင်းပေါ်တည့်တည့်ကိုပစ်ချတာကျနော်မျက်မြင်ကိုယ်တွေ့ဘဲ...ထိပ်ထားအခုတလောသေချာဂရုစိုက်ပါ...ထိပ်ထားမှာလုပ်ကြံသူတွေရှိနေတယ်...''

''အင်းပါမောင်..ထိပ်ထားသေချာဂရုစိုက်ပါ့မယ်...''

မောင်ပြောသလိုထိပ်ထားနဲ့အငြိုးရှိသူဆိုဘယ်သူရှိမလဲ..အခုတလောပြသာနာဖြစ်ဖူးတာဆိုလိုမျိုးမာန်တစ်ယောက်ဘဲရှိတယ်..မောင်ပြောသလိုဆိုထိုလူများလား...

အဲလိုသာဆိုထိုလူ့ကိုသေချာသတိထားရပေမည်။

......
''ဟာကွာ...တောက်!!!!''

ဒုန်း..ခွမ်း...

''ဆရာ..''

''တောက်!!လာစမ်းခွေးသား...တော်တော်စောက်သုံးမကျတဲ့ကောင်...ခွပ်...''

''ဆရာကျနော်တောင်းပန်ပါတယ်ကျနော်နန်းထိပ်ထားစံရဲ့ခေါင်းပေါ်တည့်တည့်ကိုအုတ်ခဲပစ်ချတာပါဒါပေမယ့်ဟိုမန်နေဂျာကောင်က၀င်ကာလိုက်လို့အစီအစဥ်တွေလွဲချော်ကုန်တာပါ...''

ချစ်မေတ္တာတည်သောနှလုံးသားငယ်(or)ချစ်ရပ်၀န်းလေးထဲခိုနားခွင့်လေးပေးပါWhere stories live. Discover now