နှလုံးသား၏အမိန့်တော်(part48)FINAL

643 17 0
                                    

မြောက်ကျွန်းစု၏ခေါင်းဆောင်နေအိမ်

''ငါ့သားကြီးမင်းကကောင်မလေးတွေတစ်ယောက်ပြီးတစ်ယောက်ဖမ်းနိုင်တာတော်တယ်ကွာ..''

''အဖေ့လောက်တော့ဘယ်မှီပါ့မလဲ..''

''ဟားဟား..မင်းကတော့ကွာ..အဖေတူသားလို့တောင်ပြောစရာမလိုမင်းညီနဲ့များကွာပါ့ကွာ..''

''ဒါနဲ့အဖေညီလေးမျိုးမာန်ရဲတွေလက်ထဲဖမ်းမိထားတယ်ဆို..''

ထိုစကားကြောင့်ရက်စက်မသိမသာနေလိုက်လေသည်။

သူကိုယ်တိုင်ချောက်ချခဲ့လို့မျိုးမာန်ဆိုသည့်ကောင်ထောင်ကျခဲ့ရတာပင်..''အဲကောင်ကအဖြစ်မရှိလို့သူ့ဘာသာထောင်ကျတာလေငါနဲ့ဘာဆိုင်လို့လဲ...''

''အဖေညီလေးကအဖေတို့ကျနော်တို့လိုမျိုးမသန်မာပေမယ့်သူလည်းအဖေ့သွေးသားဘဲလေ..အဖေသူ့ကိုရဲတွေလက်ထဲကလွတ်အောင်ကူညီပေးလို့မရဘူးလား''

''မာန်ဟိန်း!!!ငါကရဲတွေနဲ့မပတ်သက်ချင်လို့ကင်းကင်းရှင်းရှင်းနဲ့ကျွန်းမှာနေနေတာနော်.အဲကောင်အတွက်ကြောင့်နဲ့တော့ငါရဲတွေနဲ့စကားမပြောနိုင်ဘူး...''

''အဖေဒါမယ့်...''

''သခင်ကြီးးမော်ချလာရောက်လာပါတယ်''

''ဒီကောင့်ကိုငါကင်းလှည်းခိုင်းထားတာလေဘာလာလုပ်တာလဲ..''

''ကျနော်လည်းမသိဘူးသခင်ကြီး..''

''သခင်ကြီးမူးရစ်ကုန်သည်အဖွဲ့ကသခင်ကြီးမှာအသစ်ထုတ်လုပ်သည့်မူးရစ်ဆေးတစ်မျိုးကိုတင်သွင်းချင်ပါတယ်...''

''ဘယ်သူတွေလဲခေါ်လာခဲ့စမ်း..''

''ဟုတ်ကဲ့သခင်ကြီး..''

မော်ချလာလူတစ်ယောက်ကိုမျက်ရိပ်ပြလိုက်တော့ထိုလူခေါင်းငြိမ်ပြကာကုန်သည်အဖွဲ့ကိုခေါ်လာခဲ့လေသည်။

''ရောက်ပါပြီးသခင်ကြီးသူတို့ပါဘဲ...''

''မင်းတို့ကဒီကိုရောက်လာမမြ်ငဖူးပါဘူမင်းတို့ကအသစ်တွေလား''

''ဟုတ်ပါတယ်ကျနော်တို့ကဒီကိုအခုမှရောက်ဖူးတဲ့သူတွေပါ...''

ကိန်းအဲလိုပြောလိုက်တော့ဟော်ခန်းထဲမှာရှိသမျှလူတွေဟာလက်နက်ကိုယ်စီထုတ်ကြတော့သည်။

You've reached the end of published parts.

⏰ Last updated: Dec 31, 2023 ⏰

Add this story to your Library to get notified about new parts!

ချစ်မေတ္တာတည်သောနှလုံးသားငယ်(or)ချစ်ရပ်၀န်းလေးထဲခိုနားခွင့်လေးပေးပါWhere stories live. Discover now