နှလုံးသား၏အမိန့်တော်(part42)

154 5 0
                                    

''မေမေ..''

''သမီးမှူးလာလေ..''

မှူးမေမေ့ဘေးနား၀င်ထိုင်လိုက်လေသည်။

''ဒါကသမီးကြီးမှူးပန်းချီမေတဲ့..သမီးဒါကနွေမင်းလွင်တဲ့.''

''ဟုတ်ကဲ့တွေ့ရတာ၀မ်းသာပါတယ်ဗျ...''

''ကျနော်လည်းတွေ့ရတာ၀မ်းသာပါတယ်...''

''မေမေသမီးလုပ်စရာရှိသေးလို့သွားအုန်းမယ်နော်..''

''ဟဲ့သမီးဒီမှာဧည့်သည်ရှိနေတယ်လေ..သားနွေမင်း..နေ့လည်စားအန်တီတို့နဲ့အတူစားသွားပါလား..သမီမှူးသားနဲ့စကားခနပြောနေမေမေထမင်းပွဲသွားပြင်ဆင်လိုက်အုန်းမယ်...''

မှူးမှာထသွားဖို့ကိုအမေကတားတာကြောင့်ထိုနေရာမှာပင်ထိုင်နေရသည်။

''ဒီမှူးကပန်းဆိုင်ဖွင့်ထားတယ်ဆို...''

''ဟူတ်ပါတယ်...''

''ကျနော်လည်းပန်းတွေသဘောကျတယ်..''

''ရှင်...''

''ကျနော်ပန်းတွေကိုနှစ်သက်တယ်လို့ပြောတာပါ..''

''အော်ဟုတ်...''

''မှူးဒီနေ့ဘယ်သွားစရာရှိလဲ''

''မှူးဒီနေ့မအားဘူးကိုနွေမင်း..မှူးဆိုင်ဘက်ခနသွားရမယ်..''

''ဟုတ်လားကျနော်လိုက်ပို့မယ်လေမှူးဆိုင်ဘက်ကိုရောက်ဖူးချင်လို့...''

''အော်ဟုတ်...''

သျှင်လှေကားပေါ်ကနေကြည့်နေလေသည်။ထိုလူ့မျက်လုံးတွေမမမှူးကိုကျွတ်ထွက်မတတ်စိုက်ကြည့်နေလေသည်။

မေမေကလည်းဘာလို့ဒီလိုလူကိုအိမ်ထဲခေါ်လာရသနည်း.

..........

USတွင်

''တိုနီငါတို့ဘာဆက်လုပ်မှာလဲ...ဒီကောင်တွေကအကင်းပါတယ်...''

''ငါတို့တွေနောက်တနည်းနဲ့ချဥ်းကပ်ကြတာပေါ့ကိန်း..နည်းလမ်းတွေငါစဥ်းစားထားတယ်...''

လွန်ခဲ့သော၁လကသွားဖို့စီစဥ်ထားသည်ကိုဘိန်းကုန်သည်အဖွဲ့ကကြိုသိနှင့်တာကြောင့်ကိန်းတို့အဖွဲ့အခွင့်မသာခဲ့ပေ။ခုခံတိုက်ခိုက်ကာထိုသဘော်ပေါ်ကနေထွက်ပြေးလွတ်မြောက်လာခဲ့သည်။

ချစ်မေတ္တာတည်သောနှလုံးသားငယ်(or)ချစ်ရပ်၀န်းလေးထဲခိုနားခွင့်လေးပေးပါWhere stories live. Discover now