နှလုံးသား၏အမိန့်တော်(part22)

143 8 0
                                    

ဒီလောက်ထိထားတာတောင်ပြန်ထနိုင်သောကိန်းကြောင့်fixပါးစပ်အဟောင်းသားနဲ့အံ့သြနေလေသည်။

''မင်းကတော်တော်သန်မာတာဘဲကိန်း..''

''အပိုတွေမပြောနဲ့လာခဲ့စမ်းfix''

''မင်း!!!''

fix..kameဆီသိူ့ပြေး၀င်လာပြီးတိုက်ခိုက်တော့သည်။ဒီတခါကိန်းဟာအလျော့ပေးခြင်းမရှိဘဲfixရဲ့ဟာကွက်တွေကိုသေချာမှတ်ထားတာကြောင့်fixကိုအလဲထိုးနိုင်ခဲ့သည်။

ဘုန်း!!!

မြေပေါ်သို့ကိုင်ပေါက်လိုက်တာကြောင့်fixကျောရိုးနာကျင်သွားရသည်။

''ကိန်း..မင်း!!!''

''ဘယ်လိုလဲfixမင်းကသိုင်းပညာတော့တတ်ပါရဲ့ငါကိုမနိုင်ဘူးနော်...မင်းအသာတကြည်အဖမ်းခံလိုက်တော့...''

''ဟားဟား...အဖမ်းခံရမယ်ဟုတ်လား..ဟားဟား..ရူးနေလို့အဖမ်းခံရမှာလား..''

''မင်းအော်ရယ်နေလဲဘာမှမထူးဘူးfix..ငါနဲ့လိုက်ခဲ့ပေတော့...''

''ငါမလိုက်ဘူးလွှတ်စမ်းကိန်း..''ကိန်းရုနိးကန်နေသောညီဖြစ်သူ၏လည်ကိုဇက်ပိုးအုပ်ချလိုက်လေသည်။

''ဆရာ..ဟာသွေးတွေ..ဆရာအဆင်ပြေရဲ့လား''တပ်သားများရောက်လာပြီးကိန်းကိုယ်ပေါ်မှသွေးကွက်တွေကြောင့်စိုးရိမ်ပူပန်စွာမေးလာခဲ့သည်။

''ငါအဆင်ပြေတယ်မင်းတို့တွေဘာဖြစ်သွားသေးလဲ''

''ကျနော်တို့ဘာမှမဖြစ်ဘူးဆရာမှောင်ခိုဂိုဏ်းသားတွေကိုအကုန်ဖမ်းမိသွားပါပြီး...သက်သေတွေလည်းရရှိထားပါတယ်...''

''အေးကောင်းတယ်...သက်သေခံပစ္စည်းတွေရပြီးဆိုတော့ငါတို့ဒီမဟူရာဂိုဏ်းကြီးကိုလက်စဖျောက်ဖို့ဘဲကျန်တော့တယ်..''

''ကျနော်တို့တာ၀န်ထားလိုက်ပါ..''

''အေး..''

fixညီဖြစ်သူကိုပုခုံးမှထမ်းကာအဆောက်အဦးမှထွက်လာခဲ့တော့သည်။

မဟူရာမှောင်ခိုဂိုဏ်းထဲမှခေါင်းဆောင်များနဲ့ဂိုဏ်းသားအတော်များများကိုဖမ်းဆီးရမိသောသတင်းဟာပြည်သူလူထုအတွက်၀မ်းသာစရာသတင်းကောင်းပင်..

ချစ်မေတ္တာတည်သောနှလုံးသားငယ်(or)ချစ်ရပ်၀န်းလေးထဲခိုနားခွင့်လေးပေးပါWhere stories live. Discover now