ချစ်မေတ္တာတည်သောနှလုံးသားငယ်(partN)

219 12 0
                                    

ထွဋ်အောက်ထပ်ကိုဆင်းလာတာမြင်တော့နိုရာက''tonyရေမိုးချိုးဖို့လား..နိုရာရေပူရေအေးစပ်ပေးမယ်ခန..''

ထွဋ်သူမအားခေါင်းငြိမ့်ပြလိုက်သည်။

''ဒယ်ဒီတီနန်းရောမဆင်းလာဘူးလား.''

''သမီးရဲ့တီနန်းကခနနေဆင်းလာပါမယ်ဗျ..သမီးဒီနေ့ကျောင်းသွားရမှာမလား..ဒယ်ဒီလိုက်ပို့ပေးမယ်နော်...''

''ဒယ်ဒီတစ်ယောက်ထဲဆိုမရဘူး..''

''ဒါဆိုဘယ်သူကိုပါခေါ်ရမလဲ...''

''တီနန်းကိုပါခေါ်လာရမယ်..''

ထိုအချိန်နိုရာရောနန်းပါထွဋ်တို့ဆီရောက်လာခဲ့လေသည်။

''tonyရေချိုးလို့ရပြီး..''

''အင်း..''

နိုရာရှေ့ကနေtonyထွက်သွားတော့နိုရာကနန်းအားကြည့်ကာ''tonyကစိတ်ခံစားလွယ်တဲ့သူတစ်ယောက်သူ့အပေါ်မှာတကယ်မချစ်ရင်မျှော်လင့်ချက်တွေမပေးပါနဲ့..''နိုရာထိုသို့ပြောပြီသူမရှေ့မှထွက်လာခဲ့လေသည်။

မနက်စာ၀ိုင်းကဒီနေ့အဖို့တိတ်ဆိတ်မှုကကြီးစိုးနေသည်။ထိုတိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သူကပျိုးလေးပင်..

''ဒယ်ဒီဒိနေ့ပျိုးကိုကျောင်းလိုက်ပို့ပေးမယ်တဲ့တီနန်းလည်းလိုက်ခဲ့ပေးနော်...''

''တီတီပါလိုက်ရမှာလားးသမီးမာမီကိုမခေါ်တော့ဘူးလား''

''မာမီကဒီနေ့အလုပ်သွားရမှာသမီးကိုကျောင်းလိုက်ပို့ဖို့မအားဘူး...ဒါကြောင့်တီနန်းနဲ့ဒယ်ဒီလိုက်ပို့ပေးရမယ်မပို့ရင်ပျိုးကျောင်းမသွားဘူး...''

နန်းကပြုံးပြီးပျိုးလေးခေါင်းကိုပွတ်ပေးကာ''ဟုတ်ပါပြီးရှင်တီနန်းလိုက်ပို့ပေးမယ်..''

''ရေး..ဒါမှတီနန်းကွ..''ထွဋ်မနက်စာစားပြီးသွားတော့နိုရာကရေတစ်ခွက်နဲ့ဆေးတစ်လုံးလာပို့လေသည်။

''tonyဒီမှာသောက်ဆေး..''

''အော်အင်းကျေးဇူးနော်နိုရာ''နန်းထွဋ်နေ့တိုင်းဆေးသောက်နေတာကိုသူမမြင်ခဲ့သည်မမေးမိ..အခုတော့သူမသိချင်စိတ်ကပြင်းပြလာခဲ့သည်။ပျိုးလေးအားကျောင်းပို့ပေးပြီးပြန်လာတော့လမ်းတွင်စကားစတင်လာသူကနန်းပင်..

ချစ်မေတ္တာတည်သောနှလုံးသားငယ်(or)ချစ်ရပ်၀န်းလေးထဲခိုနားခွင့်လေးပေးပါWhere stories live. Discover now