နှလုံးသား၏အမိန့်တော်(part41)

154 7 0
                                    

''မာမီဘာပြောလိုက်တာလဲ...''

''သားနဲ့သမီးသွယ်ကိုနေရာချထားပေးဖို့မာမီတို့မိဘတွေစကားပြောပြီးကြပြီး''

''ကျနော်ဘာလို့မသိရတာလဲဘာလို့အခုမှပြောကြတာလဲမာမီ...ဒယ်ဒီ...''

''ဒယ်ဒီတို့သားကိုပြောမလို့ပါဘဲသားကအလုပ်တစ်ဖက်နဲ့မို့အချိန်ရမှပြောဖို့ဆုံးဖြတ်ခဲ့တာ..''

ဘုရင်ဒီနေ့ပိတ်ရက်ဖြစ်တာကြောင့်နွေနဲ့သူ့အကြောင်းကိုမာမီတို့အားဖွင့်ပြောဖို့ကြိုးစားခဲ့သည်။သို့သော်မာမီတို့ကသူမပြောခင်မှာပင်အရင်ဦးစွာသူနဲ့သွယ့်ကိုလက်ထပ်ပေးမည့်အကြောင်းပြောလာခဲ့သည်။

အရင်ကတော့သွယ့်ကိုချစ်လွန်းလို့လက်ထပ်ချင်တဲ့အထိရည်ရွယ်ထားခဲ့သည်။အခုတော့နွေ့နဲ့ပတ်သက်ပြီးဘုရင့်မှမာခံစားချက်ရှိနေခဲ့ပြီး..နွေကိုဘုရင်ချစ်မိနေပြီး...

''သားသွယ့်ကိုလက်မထပ်နိုင်ဘူးမာမီနဲ့ဒယ်ဒီသားမှာချစ်သူရှိတယ်...''

''ဘာ!!!ဘုရင်..''

''အကိုစိတ်လျော့ပါ..သားသွယ့်ကိုချစ်တယ်ပြောလို့မာမီတို့ကတောင်းရမ်းပေးဖို့စီစဥ်ခဲ့တယ်လေအခုမှသားကဘာလို့သွယ့်ကိုငြင်းချင်ရတာလဲ...''

''မာမီကျနော်သွယ့်ကိုချစ်ခဲ့တာဟုတ်တယ်အခုချိန်မှာကျနော်အချစ်ရဆုံးသူကနွေသစ်လွှင့်ဆိုတဲ့မိန်းကလေးဘဲ...''

''ကိုယ်ရံတော်မိန်းကလေးဟူတ်လား..မင်းမှာရွေးချယ်တတ်တဲ့မျက်လုံးမရှိဘူးလားဘာလို့ကိုယ်ရံတော်နဲ့မှချစ်ကြိုက်ရတာလဲဟမ်း...''

''သားမာမီတို့လုံး၀သဘောမတူဘူးနော်အခုချက်ချင်းအဲမိန်းကလေးနဲ့လမ်းခွဲပါ..သားကိုမာမီတို့သွယ်နဲ့ဘဲသဘောတူတယ်...''

''ကျနော်လမ်းမခွဲပေးနိုင်ဘူး...''

''ဘုရင့်မင်းရှင်!!!..ခွပ်!!!''

''အမလေး!!!အကိုမလုပ်နဲ့''

ဘုရင်လဲရာမှပြန်ထကာနှုတ်ခမ်းမှသွေးတိုါကိုသုတ်လိုက်ပြီး''ကျနော်နွေ့ကိုသိပ်ချစ်တယ်ဒယ်ဒီ...''

ချစ်မေတ္တာတည်သောနှလုံးသားငယ်(or)ချစ်ရပ်၀န်းလေးထဲခိုနားခွင့်လေးပေးပါWhere stories live. Discover now