ချစ်မေတ္တာတည်သောနှလုံသားငယ်(partG)

245 17 0
                                    

နန်းဒီနေ့ကောင်လေးကိုသွားကြ်ည့မှာဖြစ်တာကြောင့်အလှဆုံးဖြစ်အောင်သူမကိုယ်သူမပြင်ဆင်ခြယ်သနေလေသည်။

ညကကောင်လေးနဲ့စကားပြောခဲ့ချိန်ကိုပြန်စဥ်းစားရင်းပြုံးသွားသောနှုတ်ခမ်းလေး...

''ဒေါက်..ဒေါက်..ဒေါက်..နန်း..ပြီးပြီးလား..''စစ်အတ္တမင်းအသံကြားတောပြုံးယောင်သမ်းနေသောသူမနှုတ်ခမ်းလေးဟာချက်ချင်းဆိုသလိူတည်တံ့သွားလေသည်။

''ဒေါက်..ဒေါက်..ဒေါက်နန်းထိပ်ထားစံပြီးပြီးလား..ဒေါက်'''..ဟာဘာလုပ်နေတာလဲအထဲမှာမပြီးသေးဘူးလား..ငါဒီမှာသွားစရာရှိတယ်ပြောနေတာကို''

နန်းတမင်တကာပင်တံခါးမဖွင့်ပေးဘဲနေလိုက်သည်။

''နန်းထိပ်ထားစံငါစိတ်မရှည်ဘူးနော်အခုတံခါးဖွင့်စမ်း!!!''နန်းတံခါးမဖွင့်ပေးပေ။

စစ်အတ္တမင်းဒေါသများသူမကြောင့်တဟုန်ထိုးမြင့်တက်လာရသည်။

အခန်းကိုလော့ချထားတာကြောင့်စစ်အတ္တမင်းဖွင့်မရချေ။ဒါကြောင့်သော့အပိုတစ်ချောင်းအားယူကာသူမအခန်းတံခါးကိုဖွင့်လိုက်လေသည်။

ချပ်!!

နန်းစစ်အတ္တမင်း၀င်လိုက်တာကိုမြင်တော့ချက်ချင်းထရပ်ကာ''နင်ဘာလာလုပ်တာလဲအခုချက်ချင်းငါ့အခန်းထဲကထွက်သွားစမ်း!!!''

''ငါ့အခန်းထဲကထွက်သွားဟုတ်လားဒီအိမ်ကမင်းပိုင်တာလားနန်းထိပ်ထားစံ.''

နန်းနောက်သို့ဆုတ်နေမိသည်။သူကတော့အရှေ့သို့တိုးလာမြဲပင်...နံရံကိုကျောကပ်နေတာတောင်သူကတော့တိုးလာစမြဲပင်

''စစ်အတ္တမင်းငါပြောနေတယ်နော်အခုချက်ချင်းရပ်..ငါမကြိုက်ဘူး..''

''ငါ့ကိုအမိန့်ပေးဖို့မင်းမှာအာဏာရှိလို့လားနန်းထိပ်ထားစံဒီအိမ်ကငါ့အိမ်..ငါပိုင်တယ်..''

''ဒီအိမ်ကနင်ပိုင်တာဟုတ်တယ်..ငါကလည်းနင့်အိမ်မှာနေချင်လို့နေနေတာမဟုတ်ဘူးအဘိုးကြောင့်နေနေရတာ..နင့်အိမ်မပြောနဲ့နင့်အနားမှာနေနေရတာတောင်ငါ့ကိုယ်ငါတောင်သနတယ်သိလားစစ်အတ္တမင်း...''

ချစ်မေတ္တာတည်သောနှလုံးသားငယ်(or)ချစ်ရပ်၀န်းလေးထဲခိုနားခွင့်လေးပေးပါWhere stories live. Discover now