ချစ်မေတ္တာတည်သောနှလုံးသားငယ်(partC)

311 19 0
                                    

ထေ၀ါယာစံအိမ်တော်

''အောင်လင်းချစ်!!!ခွပ်!!''ဦးမင်းဗလနိုင်လက်သီးချက်ကအောင်အောင့်မျက်နှာပေါ်တန်းကနဲပင်..

''အဘိုး!!တော်ပါတော့လွင်တောင်းပန်ပါတယ်...''လွင်တစ်ယောက်အဘိူးဖြစ်သူအားဆွဲကာတားရလေသည်။

''မင်းဒီနေ့ဘာလို့စစ်အတ္တမင်းကိုကိုယ်ထိလက်ရောက်ပြုမူရတာလဲ...''

အဘိူးကတော့ပြောပြီးသားစကားကို ဘာကြောင့်ပြန်မေးနေရသနည်းအောင်အောင်ဒေါသများကြားမှအဘိူးအား

''အဘိုးကျနော်ဘာလို့အဲကောင်ကိုထိုးရတာလဲဆိုတာအဘိူးကိုရှင်းပြပြီးပြီးလေ..''

''မင်းကကိုယ်နဲ့မဆိုင်တဲ့ကိစ္စကို၀င်ပါနေတာဘဲ..မင်းအပြစ်မင်းသိတယ်မဟုတ်လား..အောင်လင်းချစ်..အခုကစပြီးမင်းမြင်းခြံထဲမှာ၅ရက်တိတိအလုပ်လုပ်ရမယ်...''

''အဘိုးကအတ္တသမား..ကိုယ့်အတွက်ဘဲကိုယ့်ကြည့်တဲ့သူ.အဘိုးနောင်ကျမှနောင်တမရနဲ့..တောက်!!!''

ဘိုးမင်းဗလနိုင်ဟာမြေးဖြစ်သူအပြောကိုသဘောအကျကြီးကျကာထရယ်တော့သည်။

''မြေးဖြစ်သူရဲ့ခြိမ်းခြောက်စကားကိုငါကကြောက်မယ်များထင်နေတာလားအောင်လင်းချစ်ဟားဟား...''

အောင်လင်းချစ်အခန်းထဲမှထွက်ခံနီးမှာ''အဘိုးအခုတော့ရယ်နိုင်တယ်နောက်ကျရင်အဘိုးရယ်နိုင်မလားဆိုတာကျနော်စောင့်ကြည့်နေမယ်...''

''တောက်!!အဲကောင်ကိုငါ့ရှေ့ကအမြန်ခေါ်သွားကြ..''အိမ်တော်ထိန်းကအောင်လင်းချစ်အားထိုအခန်းမှဆွဲခေါ်သွားတော့သည်။

နန်းနဲ့လွင်လည်းအဘိုးဖြစ်သူအားနှုတ်ဆက်ပြီအခန်းထဲမှထွက်လာဖို့လုပ်တော့''နန်းထိပ်ထားစံ...နက်ဖြန်စစ်အတ္တမင်းလာခေါ်မယ်မနက်အစောကြီးနိုးပါစေ...''

''ဟုတ်ကဲ့အဘိုး''သူနဲ့အတူနန်းအပြင်မထွက်ချင်ပါ..နန်းသူ့ကိုမုန်းသည်။ဒါပေမယ့်အဘိုးအမိန့်ကိုသူမလွန်ဆန်လို့မရပေ။သူမမိဘတွေရဲ့အသက်ဟာအဘိူးလက်ထဲမှာပင်...သူမဟုတ်ကဲ့ဟုသာပြောနိုင်တော့သည်။

နှစ်ဆောင်မြိုင်အိမ်ကြီးထဲတွင်

''ဟားကျေနပ်လိုက်တာဗျ..ဒယ်ဒီကျနော်တော့အရမ်းကျေနပ်တယ်ဗျအဘိုးကြီးကျနော်တို့ကိုယုံကြည်နေပုံဘဲနော်..''

ချစ်မေတ္တာတည်သောနှလုံးသားငယ်(or)ချစ်ရပ်၀န်းလေးထဲခိုနားခွင့်လေးပေးပါWhere stories live. Discover now